"အဟမ်း...မင်္ဂလာပါမောင်။
အမှန်တော့ဒီvideoလေးကိုမောင့်လက်ထဲမရောက်စေချင်ဘူး
အခုဒီvideoကို မောင်ကြည့်နေတဲ့အချိန်ငါကမောင့်အနားမှာ မရှိနိုင်တော့ဘူးဆိုတာယုံလိုက်နော်
နေအုံး...ရပ်မပစ်လိုက်ပါနဲ့ အဆုံးအထိဆက်ကြည့်ပေး..."ဆက်ကြည့်ဖို့ရာ အားမရှိတော့တာကြောင့် ပိတ်ဖို့လှမ်းလိုက်တဲ့လက်ဟာ ဖန်သားပြင်ထဲကစကားတို့ကိုကြားလိုက်တာနဲ့ ချက်ချင်းရုတ်သိမ်းမိလိုက်သလို မျက်ရည်တို့ဟာလည်းအတားအဆီးမဲ့ ကျလာရသည်..။
"Park Jay...ခင်ဗျားဗျာ"
အဲဒီလူကအခုသူဖြစ်ပျက်နေသမျှကိုကြိုသိနေလို့ ဒီလက်ဆောင်ကိုထားခဲ့ပေးတာပဲဖြစ်လိမ့်မည်..
ယုံတယ်။ယုံသွားပြီ။
အတည်ပြုတဲ့အချိန်က သိပ်နောက်ကျသွားပြီဆိုပေမဲ့ အဲဒီလူကသူ့ကိုသိပ်ချစ်တယ်ဆိုတာ အကြွင်းမဲ့ကို ယုံခဲ့ပြီ..။"ငါတောင်းပန်ပါတယ်မောင်..အရာရာတိုင်းအတွက်ပေါ့..။
ပြီးတော့ ငါမောင့်ကိုဘယ်တုန်းကမှမမုန်းခဲ့ဘူးဆိုတာကို သိထားပေးပါ။
ငါရှိတုန်းကလိုမျိုးလူဆိုးလေးလုပ်မနေနဲ့တော့နော်..သူများတွေမောင့်ကိုအမြင်စောင်းတာမျိုး ငါမလိုချင်ဘူး။
နောင်တတွေလည်းမရပါနဲ့..အရာအားလုံးကဖြစ်သင့်လို့ဖြစ်သွားတာမို့ ကိုယ့်ကိုယ်ကို အပြစ်တွေမတင်စေချင်ဘူး။
တကယ်ဆို ငါလေမောင့်အနားမှာပဲအမြဲတမ်းရှိနေချင်ခဲ့တာ သိလား
နောက်တစ်ခုကငါတို့ရဲ့တစ်ဦးတည်းသောSim ကိုဂရုစိုက်ပါလို့ပြောပေးပါ ဒီလိုပြောလို့မောင့်ကိုကျတော့ ဘာလို့မပြောတာလဲဆိုပြီး စိတ်မဆိုးပါနဲ့...
မောတယ်..။သိပ်မောတာပဲ
ရင်ထဲကလည်း အောင့်သလိုနာသလိုနဲ့.."စကားပြောရင်းချွေးစေးတွေပြန်လာတဲ့Jayကိုကြည့်ရတာ Sunghoon အတွက်အတိုင်းအဆမဲ့နာကျင်ရသည်။
"ချစ်တယ် ချစ်နေမယ် ချစ်နေဆဲပဲမောင်။
ထပ်ပြီးပြောမယ်
Park Sunghoon ဆိုတဲ့မောင့်ကိုPark Jongseong ဆိုတဲ့ငါကသိပ်ချစ်ပါတယ်..
ဘယ်တော့မှ တစ်ယောက်ထဲဆိုပြီးအားမငယ်ပါနဲ့ ဝမ်းလည်းမနည်းနဲ့ ငါကမောင့်အနားမှာတစ်သက်လုံးရှိနေမှာမလို့...."
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)