Uni+
Jay..အနေရခက်စွာ ရေတွေမော့သောက်မိတာလည်း ဘယ်နခေါက်မှန်းမသိ။
ခုအချိန်မှာ သေချာတာကတော့အိမ်ကိုသာ ပြန်ချင်သည်။စိတ်မပါလက်မပါ ထိုင်နေရတဲ့ ဒီဝိုင်းထဲကနေ ပြေးထွက်ပစ်လိုက်ချင်ပေမဲ့ မေမေရော ကိုကိုရော ရှိနေတာကြောင့် ဆက်ထိုင်နေရမြဲ.....။
ဒီစကားဝိုင်းထဲမှာ ခုထိသူ့ကိုဆွဲမထည့်သေးတာကိုပဲ ကျေးဇူးတင်မိသည်။ထိုအတွေးတွေကလည်း သိပ်မကြာလိုက်ပါ..။
'ဒီကလေးတွေ အတော်ပြောင်းလဲ လာကြတာပဲ...အစ်မရဲ့။ငယ်ငယ်ကဆို ဝန်းလေးနဲ့ Jayလေးက ကစားဖော်တွေ..အဲဒီတုန်းကလေ
မှတ်မိတယ်မလားJay''ဟုတ် မှတ်မိပါတယ်'
မတွေးချင်တဲ့ အကြောင်းအရာဟာ အမှတ်ကောင်းစွာ ကောင်းထိမမေ့။
'ဟုတ်ပါ့ တစ်အိမ်လုံးဗြောင်းဆန်နေရောပဲလေ။ခုတော့ ရင့်ကျက်သွားတဲ့ လူကြီးပေါက်စတွေပေါ့။အဲကိစ္စကိုပြန်ေတွးမိရင် အစ်မတော့ ရယ်ချင်တယ်'
လူကြီးချင်းကသာ ရယ်ရယ်မောမော ပြောဆိုနေကြပေမဲ့ ကာယကံရှင်သုံးဦးလုံးက တိတ်တိတ်ဆိတ်ဆိတ်ရယ်။
'Jayလေး..ဝန်းလေးကိုလည်း စီးပွားရေးနယ်ပယ်ထဲ လက်တွဲခေါ်ပါဦးကွယ်။မင်း
ဝန်းလေးက ရှေ့နေယောင်ယောင်၊စုံထောက်ယောင်ယောင်နဲ့..''မင်း ဝန်းလေး'ဆိုတဲ့ စကားကြောင့် အသားတုံးကို လှီးနေတဲ့ ကိုကိုလက်တွေဟာ တုန့်ခနဲ။
'ကျွန်ေတာ်ကကိုကိုနဲ့ယှဉ်ရင် အတွေ့အကြုံနည်းပါတယ်။ဝန်းလေး စိတ်ဝင်စားရင် ကိုကို့companyမှာ သွားသင်လို့ ရတယ်နော်'
'ဟုတ် အစ်ကို'
အန်တီကတော့ ဂရုမစိုက်စွာဆက်ပြောလာသည်။
'လုပ်ငန်းတွေကို အန်တီတစ်ယောက်ထဲ ဦးစီးနေရတာ အဆင်မပြေဘူးလေ
အဲကြောင့် သားကိုပြောတာ 'မင်းကိုကိုJayဆီမှာသင်ပါ'လို့..။နှစ်ယောက်သားကနောက်ဆိုအိမ်ထောင်-!''အဟမ်း..ညစာစားဖို့ ဖိတ်ထားပြီးတော့ မေမေက စကားတွေစွတ်ပြောနေတယ်ဗျာ'
'ဒီကောင်လေးကတော့'
'ကျွန်တော်နဲ့ကိုကို ဗိုက်ဆာနေပြီ အန်တီ'
YOU ARE READING
𝗖𝗥𝗬𝗣𝗧𝗜𝗖
FanfictionREVENGEFUL, CRYPTIC LOVE TO SOMEONE (တစ်စုံတစ်ယောက်အတွက် သနားစရာကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သောအချစ်)