P(11)

575 63 7
                                    

'Jay...မောင်..မင်းကို ဝန်ခံစရာတစ်ခုရှိတယ်'

'ဝန်ခံစရာ...မောင်ကငါ့ကိုဘာတွေများလျှို့ဝှက်ထားတာတွေ ရှိနေလို့လဲ..ပြောပါအုံး'

မောင့်မျက်နှာကြည့်ရတာ စိတ်မသက်သာလိုက်တာ။
မောင်ကတော့ အေးစက်စက်မျက်နှာမျက်နှာထားနဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ချထားတဲ့ပုံ။
ငါရင်တွေတုန်လာပြီ မောင်ရယ်.....။

'မောင်...မောင်မင်းကိုမချစ်ဘူးJay...တကယ်တော့ ချစ်ကို မချစ်ခဲ့တာ...
မောင်ချစ်တာ Jaeyun'

ဟင်!!

'မောင်...အခု အခုဘာပြောလိုက်တာလဲ
ဘာတွေ ပြောနေတာလဲဟင်'

'တောင်းပန်ပါတယ်...မင်းဘဝထဲကိုမောင်ဝင်လာခဲ့မိလို့
ခွင့်လွှတ်ပေးပါလို့လဲမပြောချင်ပါဘူး
ပြီးတော့ အရာရာအတွက်ကျေးဇူးပါ Jay...မောင့်ကို မင်းဆီကနေထွက်သွားခွင့်ပြုပါ'

'မဟုတ်ဘူး....ဘယ်ကိုမှထွက်မသွားရဘူးမောင်..ငါ့ဆီပြန်လာခဲ့ မသွားနဲ့!'

အခန်းတံခါးဝနားရောက်နေတဲ့မောင့်ကို ပြေးပြီး လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပေမဲ့
မောင်ကဘယ်ရောက်သွားတာလဲ
မောင်ကမရှိတော့တာလား။

'မောင်...မောင်!!ငါ့ကိုမထားခဲ့နဲ့
ငါသေလိမ့်မယ်မောင်ရဲ့
မောင်...!ပြန်လာခဲ့လို့!!'

အော်ရင်းဟစ်ရင်း ဖြတ်ကနဲ ပွင့်လာတဲ့မျက်လုံးနဲ့ အသိစိတ်ပြန်ကပ်သွားတော့
ဒါဟာအိပ်မက်ပဲ။

အိပ်မက်ဆိုတာသိပေမဲ့ မောင်ကသူ့ကိုထားခဲ့တာ...
ဝမ်းနည်းစိတ်နဲ့အတူ တအိအိပြိုလာတဲ့မျက်ရည်တွေ။

'ဟင့်..လူဆိုးကောင် Park Sunghoon
ဘယ်တွေလျှောက်သွားနေလဲမသိဘူး
လူကို ဟင့်..အနုနည်းနဲ့ သတ်နေတယ်
အဟင့် ဟီး...!'

နှစ်ပတ်...အိမ်ကိုပြန်မလာတာ နှစ်ပတ်တောင်ရှိပြီ။
ဘယ်တွေသွားပြီး ဘာတွေများလုပ်နေလဲ
စကားအခြေအတင်လေး နည်းနည်းဖြစ်လိုက်တာ အိမ်ပေါ်ကကိုဆင်းသွားတော့တာပဲ
မျှော်ရတဲ့သူက နေ့မအိပ်နိုင်ညမအိပ်နိုင်နဲ့ အားပြတ်ပြီး မေ့တောင်လဲတယ်...။

'Jongseong...ဘာဖြစ်တာလဲ!ဘာဖြစ်လို့လဲ
နှလုံးကအောင့်လို့လား..ဘယ်နေရာနာလို့လဲ...ဟင်လို့ ဘာလို့ငိုနေတာလဲ'

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now