P(6)

662 54 9
                                    

Uni+

လေးဖက်လေးလံတွင်သာမက
နေရာတိုင်းက ဗလာစာအုပ်လို အဖြူရောင်လွင်ပြင်ကြီးတစ်ခု..။

Jay..ပြေးနေတာ ဘယ်လောက်ကြာနေပြီလည်း မသိ..။သူ‌‌ေသချာသိတာက မောသည်..။‌မောလွန်းလို့ နှလုံးတစ်ခုလုံးလည်း နာကျင်နေပြီ..။

ထွက်ပေါက်ရယ်လို့ မသိဘဲခြေဦးတည့်ရာကိုပြေးနေတာ ဘယ်လောက်ကြာနေပြီဆိုတာလည်း သူမသိဘူး။

ရုတ်တရက် 'ဝုန်း'ခနဲ မြည်သံနဲ့အတူ အလင်းစူးစူးကဝင်ရောက်လာတာကြောင့် မျက်စိစုံမှိတ်ကာ ထိုင်ချလိုက်ရသည်။
တဂျစ်ဂျစ်ကြားနေရတဲ့ အသံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့accidentဖြစ်ခဲ့‌တဲ့နေရာ..။

ဟင့်အင်း...မကြည့်ရဲဘူးဒီအဖြစ်အပျက်ကြီးကို
ဆက်လည်းမကြည့်ချင်တော့ဘူး..။

‌‌အဝေးတစ်နေရာကို ပြေးဖို့ကြံရွယ်လိုက်သော်ငြား စိတ်သွားတိုင်းကိုယ်မပါစွာ တစ်ကိုယ်လုံးကထုံထိုင်းပြီး လှုပ်လို့မရ။

ရှိသမျှအားတွေနဲ့ ရုန်းနေပေမဲ့
နည်းနည်းမှ မရွေ့တဲ့ခန္ဓာကြောင့် ဒေါသနဲ့အတူ အားငယ်စိတ်က အလုံးအရင်းလိုက်
ဝင်ရောက်လာသည်..။

မီးခိုးတွေထကာ ကားထဲကသွေးချင်းချင်းရဲနေတဲ့ သူတို့သုံးဦးရှိနေတဲ့ကားနံဘေးမှာ ရပ်နေရတာ ခြောက်ခြားစရာကောင်းလွန်းလို့ မေ့ပါလဲချင်လာသည်။

အိပ်မက်ဆိုးဆိုရင်လည်း မြန်မြန်နိုးထလိုက်ပါတော့လား..

'Jay....'

နူးနူးညံ့ညံ့အသံလေးကို ကြားလိုက်ပေမဲ့
ဘယ်နေရာက ခေါ်နေတာလဲ။

'Jay...'

အားကုန်သုံးပြီး အော်လိုက်တော့ ထွက်လာတဲ့အသံက

'ကြောက်တယ်'

'Jay..Jay!!'

'ကြောက်တယ်  ကြောက်တယ်လို့...ဟင့်'

'ဘာမှမဖြစ်ဘူးနော်..ကျွန်တော်ရှိတယ်
ဘာမှမဖြစ်ဘူး'

ဆံနွယ်တွေကို နူးနူးညံ့ညံ့ထိတွေ့လာတဲ့ အပြင် လူကပါတစ်စုံတစ်ခုထဲရောက်သွား သလို နွေးသွားတာကြောင့် ကြောက်စိတ်တွေပြယ်ကာ လုံခြုံသွားသလိုခံစားလိုက်ရသည်။

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now