P(15)

597 60 6
                                    

လေးလံထိုင်းမှိုင်းနေတဲ့စိတ်ဟာ
ပတ်ဝန်းကျင်တစ်ခုလုံးတဖွဲဖွဲကျနေတဲ့နှင်းတွေကြောင့်ဖြစ်မယ် ထင်ပါသည်...။
ဥရောပကိုရောက်နေတာ တစ်ပတ်လောက်‌ တော့ရှိရောပေါ့။
ရဲတိုက်ကြီးတစ်ခုကို ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ ဇိမ်ခံအိမ်ကြီးရဲ့ အထဲမှာ Sunghoon လိုချင်သမျှအရာအားလုံးရှိတယ်...။
ဒါပေမဲ့..အရေးအကြီးဆုံးအရာကတော့ ရှိမနေ။
ပျော်ရွှင်မှုအပြည့်နဲ့ မိသားစုဘဝ..။

အနက်ရောင်တံခါးမကြီးအား
တွန်းဖွင့်လိုက်ရင်း အိမ်ထဲကိုခြေချလိုက်တာနဲ့ ငယ်ဘဝရဲ့ပုံရိပ်တွေက အလုအယက်ဆီးကြို‌လာကြသည်။

"မေမေရေ...ကိုကိုဟွန်းက သမီးအရုပ်တွေကို ဖွက်ထားတယ်"

"တွေ့အောင်ရှာနိုင်ရင်ရေခဲမုန့်ဝယ်ကျွေးမယ်ကိုကိုက"

"ကိုကို လူညစ်ပတ်ကြီး"

ပြေးလွှားဆော့ကစားနေတဲ့ ကလေးနှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ ထင်ထင်ရှားရှား...။
ငါးနှစ်သာသာ ကလေးမလေးရဲ့ ဆံပင်လေးကိုကိုင်လိုက်တဲ့အချိန် ပျောက်ကွယ်သွားတဲ့ ပုံရိပ်တွေကြောင့် ဝဲတက်လာတဲ့မျက်ရည်တွေနဲ့အတူ ‌အလင်းရောင်မရှိတဲ့ နံရံရဲ့ထောင့်နားမှာ ဒူးနှစ်ဖက်ကိုပိုက်ကာ ထိုင်ငိုနေမိသည်...။

ဆယ်နှစ်အရွယ်မှာ လောကကြီးထဲကအဖေထွက်သွားခဲ့ပေမဲ့ အသိုင်းအဝိုင်းမရှိ၊အားကိုးရမဲ့သူမရှိတဲ့ မေမေက Sunghoon တို့မောင်နှမနှစ်ယောက်အတွက် တံတိုင်းတစ်ခုလို မားမားမတ်မတ် ရှိနေခဲ့ပြီး
ဒီအခြေအနေတွေအထိရောက်အောင် ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်...။
အသက်၂၃အရွယ်ရောက်တော့ မေမေ့ရဲ့လုပ်ငန်းတွေမှာ လက်လွှဲယူရတဲ့အထိ ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်တဲ့သူတစ်ယောက်အဖြစ် နာမည်တစ်ခုရလာခဲ့သည်။
သူတို့မိသားစု ကံဆိုးခဲ့ရတဲ့အဓိကအကြောင်းအရင်းဟာ Park Jay ကြောင့်..။

ညီမလေးက မွေးရပ်မြေမှာပဲ စီးပွားရေးလုပ်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်မှုကြောင့် Sunghoon မေမေနဲ့ညီမလေးကို Korea ကိုပြန်လွှတ်ခဲ့တာ။
ဖြတ်ထိုးဉာဏ်ကောင်းတဲ့ မိုယွန်က သိပ်မကြာလိုက်တဲ့အချိန်မှာပဲ စီးပွားရေးလောကမှာ နေရာတစ်ခုရလာခဲ့သည်...။

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now