P(18)

639 57 5
                                    

"ကျွန်တော်‌နေကောင်းပါတယ်
မေမေရော နေကောင်းလား.."

"ကျွန်တော်ဖြစ်လာဖြစ်မယ်‌မထင်သေးဘူးမေမေ.."

"စိတ်ချပါ ကျွန်တော်သေချာပေါက်ပြန်လာခဲ့မှာပါ။မေမေ‌သာနေကောင်းအောင်နေပါ
ဒါပဲနော်..."

သုံးလ...သူ París ကိုရောက်နေတာဒီနေ့ဆိုသုံးလရှိပြီ။
အဲဒီနေ့ကမေမေပြောပြလို့ အားလုံးကိုသိခဲ့တဲ့နောက်ရက်ပဲ အဲဒီနေရာကနေပြေးထွက်လာခဲ့တာ...သူ့အမှားတွေအားလုံးအတွက်
Jayကို တောင်းပန်ဖို့Sunghoon အဆင်သင့်မဖြစ်သေးပါ...
အမှန်ဆိုသူJayကိုမျက်နှာတောင်မပြဝံ့ဘူး။
ဒီကြားထဲမှာ မေမေ့ကိုလည်းJayတို့ အကြောင်းတွေမပြောအောင် သတိပေးထားခဲ့ရသည်...။တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပစ်ချင်တာကြောင့် ဘာသတင်းကိုမှ မကြားချင်။
သည်းကြီးမည်းကြီးရွာချနေတဲ့ Parisမြို့ရဲ့မိုးကအငြှိုးတွေကိုများပုံချနေရသလား အောက်မေ့ရသည်...။
Sunghoonအဆင်မပြေပါ။မိုးချိန်းသံကြောက်တဲ့ သူ့အတွက်တော့တစ်ချိန်ကမိုးရွာတဲ့ညတိုင်းအနားမှာ အမြဲဖက်ထားပေးတဲ့ တစ်ယောက်သောသူကိုသတိရမိဆုံး အချိန်ပင်....။
သူရောအဆင်ပြေနေမလား...အဆင်ပြေစပြုလောက်ပြီထင်ပါတယ်။
အဲဒီလူက သူ့ကိုသိပ်ချစ်တာ‌လေ..။
အခုရော ချစ်နေနိုင်ပါအုံးမလား..

Jayကိုမလွမ်းတဲ့နေ့တွေရှိခဲ့တယ်လို့ပြောရင် Sunghoonလိမ်တာပဲဖြစ်မည်။
မြင်မြင်သမျှအရာတိုင်းက Jayရဲ့ပုံရိပ်တွေသာဖြစ်လို့နေတော့ အတိုင်းအဆမဲ့နာကျင်ရပြန်သည်..။
နင့်နင့်နဲနဲသတိရတိုင်း ကိုယ်ငွေ့နွေးနွေးလေးရှိရဲ့ရပ်ဝန်းဆီကိုသာပြန်ပြီးရင်ခွင်ထဲ တိုးဝှေ့ကာတင်းတင်းကြပ်ကြပ်ဖက်ထားချင်မိတဲ့အထိကိုပဲ....
သူ့ကိုယ်သူတောင်မယုံနိုင်ခဲ့ဘူး...ခါးခါးသီးသီးမုန်းဖို့ကြိုးစားခဲ့တာလည်းသူပဲ..။အခုလက်မလွှတ်နိုင်လောက်အောင် ချစ်မိသွားတာလည်းသူပဲတဲ့။
အဲဒီလူသားရဲ့ရပ်ဝန်းထဲကိုပြန်ဝင်တဲ့နေ့ကျရင်တော့ ချစ်ကြောင်းတွေတဖွဖွပြောပြီး
ဘယ်တော့မှ ထပ်ထွက်မသွားတော့ဘူး
ဒီတစ်ကြိမ်က နောက်ဆုံးပဲ..။

"Jay...မောင် မင်းကိုသိပ်ချစ်တယ်..."

ခြောက်ခန့်ကြာပြီးနောက်.....

𝗖𝗥𝗬𝗣𝗧𝗜𝗖 Where stories live. Discover now