"Kim Taehyung"
"Kim Taehyung အခုဆင်းလာစမ်း"
Taehyung လှေကားထက်မှ ဆံပင်ဖွရင်း ဆင်းလာတာမြင်တော့
ဒီကောင်လေးပေစောင်းစောင်းနဲ့ တစက်ကလေးမှအချိုးကိုမပြေဘုး မြင်ရတာကိုးလို့ကန့်လန့်
မိထွေးဖြစ်သူ Kim Minyoungစိတ်ထဲ Taehyung ကို အရှုပ်ထုပ်တစ်ယောက်လို အလိုမကျ မုန်းတီးနေမိသည်။"ဘာကိစ္စလဲ မိထွေး"
"ဖြန်း"
Taehyungရဲ့နုဖက် နေတဲ့မျက်နှာ လေးပေါ်လက်ဝါးရာရဲလျက် လက်သည်းစနဲ့ခြစ်မိတာကြောင့် ပါးမှာခြစ်ရာထင်းထင်း လေးပေါ်လာသည်။"မင်း မနေ့ညက Casinoဝိုင်းမှာ ပြသနာရှာခဲ့တာ အခု SNSမှာ Kim Minyoung ရဲ့သားအကြီးဆုံးKim Taehyung ဆိုပြီးသတင်းတွေပျံ့နေတာ မင်းသိလား။
မင်းကြောင့် ငါ့သိက္ခာရေစုန်မျောပြီ။ငါဒီတခါရွေးကောက်ပွဲမှာ ရှုံးရင် မင်းအသက်ကို ဖက်နဲ့ထုပ်ထားKim Taehyung"
လက်ညှိုးငေါက်ငေါက်ထိုးကာ ဘီလူးသရဲစီးနေသလိုဖြစ်နေတဲ့
ကျွန်တော့်မိထွေး ကတကယ်ရူးနေတာ။
ကျွန်တော့်မျက်လုံးထဲဥစ္စာရူး ရူးနေတဲ့သူ့ပုံစံကအတော်သနားစရာကောင်းသည်။ သူ့ဘဝသုညဘဝထိရောက်အောင်ကျွန်တော်ဆွဲချဦးမှာ..."ခင်ဗျား အဲ့သတင်းဖုံးဖို့ ငွေဘယ်နှပုံး ပေးလိုက်ရလဲ စိတ်မဝင်စား ပေမဲ့ အခုမှပွဲကအစပဲရှိသေးတယ်မိထွေးရဲ့။ဒီလောက် လေးနဲ့တုန်လှုပ်မနေနဲ့ "
"Kim Taehyung"
တထစ်ရှိအမြဲလက်ပါတတ်တဲ့ထိုမိန်းမက အခုလည်း ကျွန်တော့်ကို ရိုက်ရန်ထပ်ပြီးလက် ရွယ်နေပြန်သည်။ Taehyung မိထွေး ဖြစ်သူရဲ့လက် ကောက်ဝတ်ကို ဆွဲကိုင်ကာအားကုန် ညှစ်ပစ်လိုက်သည်။"ငြိမ်ခံ နေလို့ ရောက်တက်မလာနဲ့။
ခင်ဗျားအလောင်းကို ခင်ဗျားရဲ့ချစ်လှစွာသောသားလိမ္မာလေးဆီပို့ပေးလိုက်ရ ""မင်း မင်း "
"ခုဆို Californiaကခင်ဗျားရဲ့သား လေး စိတ်ချမ်းချမ်းသာသာနဲ့ ကျောင်းတက်နေရောပေါ့။ သူ့အမေ သာသူ့ဘဝကြီးထဲက ပျောက်ကွယ်သွားရင် အဟက်
ကျွန်တော့်လို မိမဲ့ဖမဲ့ တကောင်ကြွက်ဖြစ်ပြီး ဘဝကြီးတခုလုံးစုတ်ပြတ်သတ်သွားမှာပေါ့။
ခင်ဗျားသားကို ကျွန်တော့်လို ဖြစ်စေချင်လိုက်တာ ဟားဟား"
Taehyung မျက်ထောင့်တွေရဲတွတ်နေလျက်ဟားတိုက်ရယ်မောမိသည်။