Jungkook ရဲ့ စာကြည့်ခန်းထဲကဗီရို ရှေ့မှာ
အညိုရောင်ဂါဝန်ရှည်လေးဝတ်ထားပြီး ပုံ့ပုံ့လေးထိုင်နေသူလေးက ပေါက်စီလုံးလေးပမာ ပါးလုံးလုံးလေးတွေကထင်းလို့"kimchi Daddy ရဲ့မီးငယ်လေး ပြောပါဦး
ဘာတွေဖွနေတာလဲ"Jungkook က သမီးအငယ်လေးကို ချိုင်းက မြှောက်ပြီးပေါင်ပေါ်တင်လိုက်တော့
"ဒတ်ဒီ ...ဒါကြီးက ချာဝန် တွေကိုင်တဲ့ အပ်ကြီးမှုတ်လားဟင်""အင်း...Kimchiလေး ဖျားတုန်းက ထိုးတဲ့အပ်နဲ့တူတူပဲ"
"အီးဟီး....နာနာ ...မီးမီး ဆေးထိုးချင်ဝူး ဆေးထိုးအပ်ကိုချစ်ဝူး....ဒတ်ဒီ"
"ဟား...မချစ်ဘဲ ဘာလို့ယူကြည့်ရတာတုန်း
ပြီးတော့လည်းDaddy အခန်းထဲခိုးဝင်ပြီးဆော့တာ အပြစ်ရှိလား မရှိဘူးလား ""Kimchi မှားပါဒယ် ဒတ်ဒီ... Kimchi က ဦးဦး
Minwoo နဲ့တူတူပုန်းတမ်း ချော့ရင်းဝင်မိတာဘာ"
အင်္ကျီစကိုဆွဲပြီး လက်လေးနောက်ပစ်ပြီး မျက်လွှာလေးချလို့ ကိုယ့်သမီး ချောလေးက
တကယ့်အတတ်ကလေးပါရယ်"ဟုတ်ပြီ ဒါဆို လည်း Daddy က ခွင့်လွှတ်ပါ့မယ်ဗျာ"
သမီးငယ် လေးရဲ့ပါးလေးကို တရွှတ်ရွှတ်နမ်းပြီး မွှေးကြူလိုက်တော့
"ဒတ်ဒီ ဒီအပ်ကြီးကို Kimchiကိုပေးပါယားဟင်"နှုတ်ခမ်းလေးဆူထော်ပြီး ချွဲစိန်လေးက တောင်းလေရဲ့
"Kimchi မီးငယ်လေးပဲ ကြောက်လို့ဆို ""အပ်ကြောက်ပေမဲ့ မီးမီး ဆေးမထိုးရတာ ကြာပြီယေဒတ်ဒီရဲ့ အဲ့ဆေးထိုးအပ်ထိုးခံရတုန်းကဆို မီးမီး အဟွတ်အဟွတ်အမြန်ပျောက်တွားတယ်ယေ "
"အင်း Daddy သမီးလေး
ဆေးထိုးတုန်းက ငိုသေးတယ်လေ ""ဟုတ်ရယ် ငိုတော့ ငိုပေမဲ့
ဒီဆေးထိုးအပ်က နာနာ တွေပျောက်တယ်ယေ ကြာကြီးခံချားးရဘူး...အာ့ကြောင့်ပေးဘာနော်"