"မင်း ဒါဘာလုပ်နေတာလဲ"
အင်္ကျီတွေရော ခေါင်းပါမကျန် တကိုယ်လုံး စိုရွှဲနေပြီး သွေးတွေမှာလည်း ကျောက်ပြားထက်စီးကျလို့
"မေးနေတယ်လေ ...ကိုယ်မေးတာ ဖြေလို့ "
မျက်ရည်စတွေနဲ့ ရှိုက်နေသည့် ခလေးဆီက
အသံမလာသည့်အဆုံး
Jungkook မ ချီလာ ပြီး အိပ်ရာထက် ထိုင်စေလိုက်သည်။ လက်မှ ဓားဖြင့် မွှန်းထားသည့် ဒဏ်ရာကို မြင်တော့ နှလုံးသားတစ်ခုလုံး
ပြောမပြတတ်အောင်နာကျင်ရပါသည်။"Jeon Taehyung မင်း ဘာတွေ လျှောက်လုပ်နေတာလဲ မင်းခန္ဓာကိုယ် ကို မင်းပဲ ပိုင်တယ် ထင်နေလား.... မင်းရဲ့ ရှိရှိသမျှ အစိတ်အပိုင်းတွေက
ကိုယ့်အပိုင် အဲ့ဒါ မင်းသိလား"Taehyung ရဲ့ ကိုယ်ကို လှုပ်ရမ်းပြီးပြောနေသော်လည်း ရေစက်တွေ အပြည့်နှင့် မျက်နှာလေးထက် အရီအပြုံးကင်းမဲ့ နေပြီး
မင်သေနေသော မျက်လုံးများဖြင့်သာ ကြည့်နေတဲ့ ခလေး"ဘယ်လို လုပ်ရမလဲ ဦးဂျွန်ကို ကျွန်တော်သိပ်ချစ်တယ်.....
အရမ်းချစ်တယ်လို့ "ငိုပြီး ပြောလာတဲ့ ခလေးကြောင့် Jungkook မှာ နားမလည်နိုင်ဖြစ် ရပြန်၏
ခလေးက သူ့ရင်ဘတ် ကို တဘုန်းဘုန်း ထရိုက်ပြီး
"ဦးဂျွန်နဲ့ ကျွန်တော့်မိထွေး က ချစ်သူတွေ ဖြစ်ခဲ့ကြတာ မဟုတ်လား ။ အခုထိ ဆက်သွယ်နေကြတာမလား ကျွန်တော် အကုန်သိထားပြီးသား...
ဟန်ဆောင် မနေပါနဲ့တော့ ...."ဩရှရှ အသံလေး ပျောက်သွားသည်အထိ အသားကုန် ခြစ်အော်နေတဲ့ ခလေး ရဲ့ မျက်နှာလေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး
"ဒါကြောင့်လား။ ခလေး ကိုယ့်ကို ပစ်ပယ်ထားတာ ဒီဘာမဟုတ်တဲ့ကိစ္စကြောင့်လား...
ကိုယ်ရှင်းပြပါ့မယ်...."အချိန်အ တော်ကြာအောင် ပတ်တီးစည်းပေးရင်း ရှင်းပြလိုက်တော့ ခလေးက ငြိမ်ငြိမ်လေး နားထောင်နေသည်။
"ကိုယ့် ကိုယုံတယ်မလား ခလေး "
"ဒါဆို ကျွန်တော့်အဖေနဲ့ မိထွေးလက်ထပ် ထားတာ ဉီးဂျွန်က မသိခဲ့ဘုးပေါ့ "