"အဲ့နေ့က မင်းသူ့ နာမည်ခေါ် လိုက်တာ ကိုယ်ကြားတယ်နော်...."
"Tris နဲ့ ကိစ္စ ကြားသွားတာလား ဦးဂျွန်"
ဦးဂျွန်က ကျွန်တော့်ဘက်သို့ ဘေးတစောင်းလှည့်လာပြီး"ကိုယ် ခိုးနားထောင်တာ မဟုတ်ပေမဲ့ မင်းတို့ ပျောက်သွားလို့ လိုက်ရှာရင်း တစွန်းတစကြားလိုက်တာ... အဲ့ကောင်နဲ့ကိုယ် ယှဉ်ခံရတာ မကြိုက်ဘူး "
Taehyung မှာ မျက်လွှာချထား လျက်
"Trisကို အဖြေမပေးရသေးပါဘူး...ဒီအတိုင်း clubမှာ တွေ့ရင် flirt ရုံသက်သက်ပဲ အဲ့ထက်မပိုခဲ့ဘူး ဦးဂျွန်... ဦးဂျွန်နဲ့သာ...."ဦးဂျွန်က သက်ပြင်းရှည်ကြီး ချရင်း
လက်မှ လက်ပတ်နာရီကို ဆွဲချွတ်လိုက်ပြီး
ကားအံလေးထဲထည့်လိုက် ၏
"မင်း...ကိုယ့်ကိုလည်း ချစ်တယ်လို့ တစ်ခါ မှ မပြောဖူးဘူးလေ ""ဦးဂျွန်ရယ်....
ဦးဂျွန်ကို ကျွန်တော်သိပ်ချစ်တယ်
အဲ့လိုပြောမှ သိမှာလား လူရိုးကြီးရဲ့...."ထိုသို့ပြောပြီး ပါးပြင်လေးကို ဖက်နမ်းလိုက်မှ
ကျွန်တော့်ရဲ့ ဦးဂျွန်က ယုန်သွားချွန်ချွန်လေးတွေ ပေါ်သည်အထိပြုံးတော့တယ်...."ထပ်ပေးပါဦးကွာ...ခလေး ပေးတဲ့
အာဘွားလေး...လိုချင်လို့ပါ " သူ့ပါးကြီးကို အတင်းထိုးပေး ပြန်တဲ့ ဦးဂျွန်က တကယ်ချစ်ဖို့ကောင်းတဲ့
ကျွန်တော့်ရဲ့ ခလေးကြီးပါးလေးကို ဖွဖွလေး ပြွတ်ခနဲ မြည်အောင် ဖိကပ်နမ်းလိုက်တော့ ဦးဂျွန်က
ဟက်ဟက်ပက်ပက်ရယ် ပြီး တအားသဘောကျနေခဲ့သည်။အရင်လူနဲ့တောင် အူတိုတတ်တဲ့ ကျွန်တော့်ရဲ့
ဦးဂျွန်က ရှေးရိုးစွဲဓာတ်ပြားဟောင်းကြီးတစ်ချပ်ပင်
____________👊အကို့ကို လွမ်းတယ် ...အကို့ကို တွေ့ချင်လွန်းလို့
Uni မတက်ခင်လေး Seoul ကို ပြန်လာခဲ့ပေမယ့်
အကိုက အရမ်းဆိုးတယ်...တနေ့တနေ့ အိမ်မှာမကပ်
Jimin တစ်ယောက် ညဘက် ဗိုက်ဆာ လွန်းလို့
ဘူးခေါက်ဆွဲစားချင် တာနဲ့ လမ်းထိပ်က
Convenience Store ဆီသို့ ထွက်လာခဲ့သည်။
Hoodie ခရမ်းရောင်လေးထဲ ခေါင်းလေးသာ ဖော်ထားပြီး အိပက်အိပက်ဖြင့် လျှောက်လာခဲ့တာ ဆိုင်သို့ ရောက်လာခဲ့၏
စင်မှာ တင်ထားတဲ့ ခေါက်ဆွဲဘူး တစ်ဘူးကို ယူလိုက်ပြီး ထိုင်စားလို့ရသည့်ခုံးတန်းမှာ ထိုင်လိုက်ရင်း ဆိုင်အပြင်ကိုငေးနေတုန်း