အိမ်ကြီးထဲ Vivien ကို မချီလျက်Jungkookပြေးဝင်လာတော့
အိမ်အကူများမှာ တအံ့တဩနှင့် Jungkook နောက်ပြေးလိုက်ကြရသည်။Jungkook က သူ့အိပ်ခန်းထဲ ဘယ်သူမှ ဝင်တာမကြိုက်သည်မို့ အခန်းဝ၌ သာရပ်နေကြရသည်။
သို့သော် လက်ထဲကတစ်ယောက်သောသူကတော့ Jungkook ရဲ့ အိပ်ခန်းထဲဝင်ခွင့်ရခဲ့တယ်
ဒီခလေး အတော်ထိထားတာပဲ ဝမ်းဗိုက်မှညိုမည်းစွဲနေသော ဒဏ်ရာတချို့ နှင့် နှုတ်ခမ်းမှ ပေါက်ပြဲနေသော သွေးစတို့က Jungkookရင်ထဲကိုတနုတ်နုတ်နာကျင်စေသည်။
ဘာလို့လဲမသိပေမဲ့ ဒီကောင်လေးကို ဒီလိုပုံစံနှင့် မမြင်ရက်ပါ..ဘယ်လောက်ပဲ ကြည့်မရဘူးဆိုပါစေ သူ့ကိုမနာကျင် စေချင်တာအမှန်ပါ။
ပထမဆုံးဆုံတုန်းက ကိုယ်ပိတ်ကန်ခဲ့မိတုန်းကတောင် ကိုယ့်ထက်အငယ်ကို အနိုင်ကျင့်မိသလို ခံစားရလို့ ထိုညက စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။
တဖြေးဖြေးနှင့်အကြည့်တို့ က ဟပြဲနေတဲ့ အင်္ကျီစအပေါ်ရောက်သွားဖြစ်သည်။ Sakura ပန်းပွင့်ချပ်လေးတွေပမာ ပန်းနုရောင်သန်းနေတဲ့ ပွင့်ချပ်လေးနှစ်ခုက ပေါ်လွင်လို့
အာ....Jeon Jungkook မင်းဘာတွေဖြစ်နေတာလဲ
ကိုယ်တိုင်ပင်မသိလိုက်ဘဲ ရင်ထဲမှာ လျှပ်စီးကူးသလို ရှိန်းတိန်းဖိန်းတိန်းဖြင့် ပူလိုက်ချမ်းလိုက်ဖြစ်သွားရသည်။
မဖြစ်ဘူး ...ဆရာဝန်လာရင်မြင်ကုန်တော့မှာပဲ ...ဗီရိုဆီသို့ အမြန်ပြေးသွားပြီး ပေါ့ပေါ့ပါးပါးဖြစ်လောက်တဲ့ရှပ်အင်္ကျီတစ်ထည်ထုတ်လိုက်ပြီး ဒီ
ခလေးကို အင်္ကျီလဲပေးရတယ် ....
လဲဝတ်ပေးရသည်မှာလည်း မသက်သာလှ ကိုယ်တိုင်ဘာဖြစ်လို့ဖြစ်နေမှန်းမသိ လက်တို့က တုန်ယင်လို့နေတယ် မျက်လုံးတို့မှာလည်းသတိလစ် နေသူထံမှ
ရှောင်လွှဲလျက် ကြယ်သီးတပ်ပေးရသေးတယ် တော်ပါသေးတယ် ပြီးသွားလို့ပေါ့ ယောင်္ကျားအချင်းချင်းအင်္ကျီလဲပေးရတာဒီလောက်ခက်ခဲမယ်မထင်ထားခဲ့ဘူး
:
:
:
"ဟေးးး ဒီမှာ တံခါး မခေါက်ဘဲ ဘာကိစ္စရှိလို့ ဝင်လာပြန်တာလဲ "
Taehyung ညဝတ်အင်္ကျီကိုအမြန်လွှားဝတ်ရင်း ကြယ်သီးတပ်ရင်းတန်းလန်းဖြင့် အော်ပြောလိုက်တော့"မင်းကို ဆေးလာတိုက်တာ ခုနက ဆေးတွေပြုတ်ကျကုန်တာမဟုတ်လား...
အဲ့ဒါ ဆေးလည်းလူးပေးမလို့ "