3.9K 303 0
                                    


ပြေပြေလေးတိုက်ခတ်လာတဲ့ညလေညှင်းလေးရယ်
Namsan Tower ကထင်ဟပ်နေတဲ့မီးရောင်ပျပျလေးအောက်
မျက်ခွံ လေးများမှိတ်ကျသွားပြီးမျက်လုံးများကို အတင်းမှိတ်ထားတဲ့ ကျွန်‌တော့်ရဲ့ဉီးဂျွန်
နှုတ်ခမ်းပါးလေးတို့မှာလည်း မတည်မငြိမ်စက္ကန့်နှင့်အမျှလှုပ်ခတ်လို့....

Taehyung ကိုယ်ကို နောက်ဆုတ်လိုက်ပြီး အုပ်မိုးထားသောလက်တို့ကို ခွာလိုက်သည်

ထိုအခါမှ ဦးဂျွန်ရဲ့မျက်လုံးလေးများ  ပြန်ပွင့်ဟလာပြီး ဂုတ်ပိုးကိုပွတ်ကာ ကျွန်တော့်ကိုဘေးတစောင်းကြည့်နေသည်။

"အဟက်!!.....ဦးဂျွန်
မနက်ဖြန်ညရော ထပ်လာဖို့ရှိလား" Taehyung ရဲ့မျက်နှာထက်အပြုံးလှလှလေးက နေရာယူလျက်
"မလာဖြစ်ဘူး ခလေး...ကိုယ် မနက်ဖြန်ည Dubai သွားရမယ်"

"Dubaiကို...."

Taehyung မိထွေးစကားကိုသတိရသွား၏

"Kim Taehyung  ဘူဆန်မှာ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာဖွင့်ပွဲရှိတယ် အဲ့ဒါ Mediaသမားတွေလာမှာ  မနက်ဖြန်မင်းငါနဲ့အတူတူ ဖွင့်ပွဲလိုက်ခဲ့ရမယ်"

"ကျွန်တော့် သူငယ်ချင်းနဲ့လည်းဆုံဖို့ရှိတော့
ဦးဂျွန်....ကျွန်တော်နဲ့အတူတူသွားမလား လေယာဉ်လက်မှတ်ဖြတ်ထားလိုက်မယ်လေ"
"ကိုယ့် Private Jetနဲ့လိုက်ခဲ့လေ ခလေး "

"အာ....ဒါဆို မနက်ဖြန်ညနေဦးဂျွန်အိမ်လာခဲ့မယ်"

__________👊

ခရီးသွားခါနီးမို့ မျက်နှာသစ်ရင်း မနေ့ညက Vivien ရဲ့မျက်နှာလေးကို ပြန်မြင်ယောင်လာ၏.....ထို့အတူညကပုံရိပ်တချို့ ....
နမ်းမယ်ထင်လို့ မျက်လုံးမှိတ်ထားမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ ရှက်လွန်းလို့ ရိုက်ချင်မိသည်။
ဒီခလေးရဲ့ အပြုံးတွေကို သိတာပေါ့....သူ့ကို ရယ်ချင်နေတာ
ဟူး.....ခေတ်ကာလသားသမီးတွေများမလွယ်ပါဘူး

Vivienနဲ့အတူတူ Dubai ကို ထွက်ခွာခဲ့သည်။
ဘေးချင်းကပ်ထိုင်ရလို့လည်း ရင်ထဲ အမျိုးအမည်မသိတဲ့ရင်ခုန်နှုန်းတို့ မြန်ဆန်နေပြန်၏
ဒီခလေး လေယာဉ်စီးရင် အိပ်တတ်တယ် ထင်တယ် ‌ပါးစပ်လေးဟပြီး အိပ်မောကျလို့
ကိုယ့်မှာ သူအိပ်ရင်းဇာတ်မနာအောင် ခေါင်းကို ပြင်ပေးရသေးတယ်...စောင်ပါးလေးခြုံပေးလိုက်တော့
ခလေးက လက်ကို လှမ်းဆွဲပြီး လက်မောင်းရင်းကို ဖက်လျက်ဆက်အိပ်နေသည်။
ကိုယ့်လက်မောင်းက ခလေးရဲ့ ဖက်ခေါင်းအုံးဖြစ်ခဲ့လေပြီ...တခုခု ဖက်အိပ်တတ်တဲ့ ခလေးရဲ့ အကျင့်လှလှလေးကလည်း ချစ်စရာအတိ...

ဦးဂျွန် // COMPLETED //Onde histórias criam vida. Descubra agora