တိတ်ဆိတ် နေသောထမင်းစားခန်းအတွင်း
Taehyung မျက်နှာမှာမှုန်ကုတ်လျက်အိမ်အကူ အဒေါ်ကြီးကို ရစ်လို့..."ဘာစားစားကို စပ်နေတော့တာပဲ...အစပ်လျှော့ဖို့ ပြောရတာလည်းအာပေါက်နေပြီ"
အိမ်အကူအဒေါ်ကြီးမှာ ခေါင်းငုံ့ထားပြီး Taehyung ဆူသမျှသာငြိမ်ခံနေရသည်။
"အကို့အတွက် ကျွန်တော်လုပ်ပေးလိုက်မယ်
အန်တီသွားတော့နော်"အိမ်အကူများက Jiminကို ဆို တရင်းတနှီးရှိကြသည်။ Taehyung ကိုမူ အမြဲလိုလို ကြောက်နေကြပြီး Taehyungဝင်လာရင်ကို ရှောင်နည်းမျိုးစုံနဲ့ဆင် ခြေပေးပြီးရှောင်ထွက်နေကြမြဲဖြစ်၏
"မင်း ဘာလို့ပြန်လာတာလဲ Kim Jimin "
"အကို့ကို စောင့်ရှောက်မို့ပေါ့"
"တော်စမ်းပါကွာ...."
Taehyung စကားပြောရင်းနဲ့phone screen ကို ရွှေ့ရင်း gameဆော့နေတာ ဖြစ်သည်။
"အကို ခဏစောင့်နော် ဂင်ချီထမင်းကြော်လုပ်ပေးမလို့"
"အစက တော့ မင်းလက်နဲ့ထိသမျှ ဘာမှကိုမကြိုက်တာ အခုတော့စိတ်ပြောင်းသွားပြီ...
အခုလို လေးငါ့ကိုလုပ်ပေးရမှာပေါ့ မင်းကငါ့အဖေရဲ့ ပိုက်ဆံတွေနဲ့ ကျောင်းတက်နေရတဲ့ကောင်ပဲလေ..."Jiminဘာမှပြန်မပြောဘဲ ထမင်းနဲ့ဂင်ချီတို့ကိုသာ ရောမွှေနေလိုက်တယ်
အချိန်အနည်းငယ်ကြာပြီးနောက်"အကိုစားကြည့်ပါဦး အစပ်လျှော့ပေးထားတယ်"
"မင်းလည်းစားလေ "
Taehyung ကJiminရဲ့ပန်းကန်ထဲကို အသားပြားတစ်ခု ထည့်ပေးလိုက်သည်။ Jiminပြုံးမိရင်း
ငယ်ငယ်က ထမင်းအတူတူစားတိုင်း ကိုကို ကသူ့ပန်းကန်ထဲက မုန်လာဥနီတို့ အသားပြားတို့ကိုခွဲထည့်ပေးနေကျအချိန် တွေကို ပြန်သတိရသွား၏
ကိုကို့ရဲ့ အရိုးခံဖြူစင်တဲ့စိတ်ထားလက်ကျန်လေးကတော့ ဘယ်လောက်ဖုံးဖုံး အခုထိမပျောက်သွားခဲ့"ကိုကို "
မဝံ့မရဲလေးခေါ်မိစဉ်
"မင်းငါနဲ့အတူတူ အဆင်ပြေပြေနဲ့ဆက်နေချင်ရင်
နောက်အဲ့လိုမခေါ်မိစေနဲ့....ဒီနေ့ ထမင်းကြော်အတွက်ကျေးဇူးပဲ "