4.8K 369 4
                                    

သတိလစ်နေတဲ့Taehyung ဘေး၌
Doctor Kim Seokjin မှာလှုပ်လှုပ်ရှားရှား စမ်းသပ်လို့...
အပ်ကျသံပင် မကြားရသည့် အခြေအနေကို
ဖြိုခွင်းလိုက်သူက
CEO Jeon Jungkook ...

"ခလေး အခြေအနေ ဘယ်လိုရှိလဲ ...အတွင်းကြေတွေဘာတွေများဖြစ်သွား သေးလား" 

Jeon Jungkook တစ်ယောက် မျက်နှာငယ်နဲ့အခုလိုစိတ်ပူ‌ နေတာကို ပထမဆုံးမြင်ရခြင်းပင်
Dr Kim Seokjin အဖို့မထူးဆန်းဘဲမနေနိုင်ပါ...

"အကိုက်အခဲ‌ ပျောက်ဆေးတွေ ပေးထားခဲ့မယ်၊  ဆေးသေချာလူးပေးလိုက်ပေါ့ ။ သိပ်ကြီးကြီးမားမားမထိမိလို့တော်သေးတာပေါ့ကွာ "
မျက်မှန်ကိုင်းအနက်တွေအောက်မှ အကြည့်တို့က သူငယ်ချင်းအရင်းကြီးရဲ့ အခြေအနေကို အကဲခတ်လျက်

"မင်းလက်ချက်မဟုတ်လား ဘာလို့ပြန်ကယ်နေတာလဲ "

"အဲ့ဒါ...."
Jungkook က ဂုတ်ပိုးကို လက်ဖြင့်ပွတ်လျက် ဖြေရတာအကြပ်ရိုက်နေပုံ...

"ဟားးး Jeonတို့တော့ မရိုးတော့ဘူးဟေ့ "

"ဟိတ်ကောင် မရိုးရအောင် ပေါက်တတ်ကရတွေ ..."

Jungkook ရဲ့ပုခုံးကို ပုတ်လိုက်ပြီးနောက်
"မင်း တစ်ယောက်ယောက်နဲ့လက်တွဲပြီး တော့ပျော်ပျော်နေသင့်ပြီ Jeon..."

"အေးပါ သားကြီးရာ မင်းသာမင်း
Crush လေး Kim Namjoon နဲ့ညားပါစေ"

"ဟား ဟား ဒါကတော့ မင်းမပြောလည်း ငါတို့က အတော်ခရီးပေါက်နေပြီ ! ငါ သွားတော့မယ်ကွာ ဆေးရုံမှာDutyရှိလို့"

Jungkook ဟက်ဟက်ပက်ပက်ပြုံးပြရင်း
"ဟုတ်ပြီ ကိုယ့်တပည့်လေး
ခြံဝထိလိုက်ပို့ပေးလိမ့်မယ် "

Kim Seokjinဆိုသည်မှာ အထက်တန်းကျောင်းသားဘဝကတည်းကအတွင်းသိအဆင်းသိ ဆိုးတူကောင်းဖက် ဘော်ဒါရင်းချာကြီး ပေါ့  သွေးမြင်ရင်လန့်တတ်တဲ့လူကအခုတော့ခွဲစိတ်ဆရာဝန်ကြီးတောင်ဖြစ်နေပြီ..ဆင်းရဲချို့တဲ့တဲ့ သူငယ်ချင်း၃ ယောက်အုပ်စုထဲ
Min Yoongi ကသာ ခုချိန်ထိအတူတူကျန်နေခဲ့ပြီး  Dubai က လောင်းကစားရုံ တွေမှာအလုပ်တွေဦးစီးနေတာ...
_________________👊

"အာ့ "
Taehyung မျက်လုံးဖွင့်ဖွင့်ချင်း ခေါင်းကမူးနောက်လို့ ဝမ်းဗိုက်မှာလည်းအောင့်နေသည်။ ရုတ်တရက်ခြေထောက်လှုပ်လိုက်တော့ ခြေဖဝါးမှာလည်းဟိုလူယုတ်မာရဲ့ ဖိနပ်အမာ ကြီးနဲ့ နင်းခံထားရတာကြောင့် နာနေ၏။

ဦးဂျွန် // COMPLETED //Where stories live. Discover now