7.1K 528 11
                                    

"shit !! ဒီချာတိတ်နဲ့ပဲလာတိုးနေတယ်"

Jungkook စိတ်ရှုပ်လွန်းလို့ ဒီ Barက အမြန်ထွက်သွားချင်သည်။
အထုပ်လဲလှယ်စရာလေးရှိလို့သာ အောင့်အည်းသည်းခံနေရသည်။
ထိုလူနဲ့ VVIP အခန်းထဲမှာ‌ တွေ့ရင် သိသာမှာစိုးလို့ ဒီတိုင်းသာမန်ဝိုင်းမှာသာထိုင်နေရခြင်းဖြစ်သည်။

"Hanna ရှေ့ဝိုင်းကဆူလိုက်တာဟာ
နားငြီးတယ် ။ဟိုဂျာကင်အညိုနဲ့ ကောင်လေးကိုမောင်းထုတ်ပေးလို့မရဘူးလား"

"အမလေး Jeon Jungkook shi ,ပျားအုံကိုတုတ်နဲ့ထိုးခိုင်းနေသလိုပါပဲလား ။
ခါချဉ်အုံနဲ့ ပျားအုံကို တုတ်နဲ့ထိုးဆို ထိုးပေးပါ့မယ်
အဲ့ဒါကမှလွယ်ဦးမယ် Vivien ကိုတော့ မဖြစ်ဘူး"
Hannaပုံစံက ဟိုချာတိတ်ကိုအတော်လန့်နေတဲ့ပုံနဲ့ အမြင်ကပ်လိုက်တာ...

"မင်းက Mafia ကိုကျော်ပြီး ဟိုဆယ်ကျော်သက်လေးကိုပိုကြောက်တယ်ပေါ့လေ
ဒီBarကို ကိုယ်မီးလောင်တိုက်သွင်းလိုက်ရင် မကောင်းရှိတော့မယ်"
Hanna အပြုံးချိုချိုလေး တချက်ပြုံးပြပြီးအရက်ခွက်တွေကို တခွက်ပြီးတခွက်ရောစပ် ဖျော်နေသည်။

"ဒီမှာ ကိုကြီးJeon အကောင်သေးလေ အဆိပ်ပြင်းလေပဲ အဲ့ခလေးကိုလျှော့မတွက်နဲ့။
ဖြစ်နိုင်ရင် Vivien နဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ ကိုကြီးက ညီမရဲ့ VVIP Customer မို့သတိပေးတာ။
Vivien ကလည်း ညီမဆိုင်ရဲ့ပင်မရေသောက်မြစ်ပဲ။ "

Jungkook က အရက်ခွက်ကိုလက်ဖြင့်လှုပ်ခတ်လိုက်ပြီး အမြှုပ်ထနေတဲ့ ပြာလဲ့လဲ့အရည်ကြည်များကိုစိုက်ကြည့်ရင်း
"အဲ့တော့"
သွားတန်းလေးများထဲမှ လေတိုးရုံမျှအသံဖြင့်မေးလိုက်သည်။

Hannaက သူစပ်ထားတဲ့အရက်ခွက်ကို Jungkook ရှေ့တိုးပေးလိုက်ပြီး
"အကိုတို့နှစ်ယောက်အကြောင်းညီမအသိဆုံး။
မြွေမြွေချင်းတော့ခြေမြင်မှာပေါ့ရှင်။
အဲ့မလွယ်ကြောလေးကြောင့် ညီမဆိုင်ကိုမီးလောင်တိုက်မသွင်းခင် အကို့နှလုံးသားမီးလောင်တိုက်သွင်းခံရပြီးပြာကျနေမယ်"

Jungkook ရှေ့ကဝိုင်းကို စူးစိုက်ကြည့်လိုက်တော့ စားပွဲခုံပေါ်မှာတက်ထိုင်နေတဲ့ ချာတိတ်နှင့်မျက်လုံးချင်းဆုံသည်။
အကြည့်ကိုက ဘုကြည့်ကြည့်ပြီး ထောင့်မကျိုးပေမကျိုးလေး...

ဦးဂျွန် // COMPLETED //Dove le storie prendono vita. Scoprilo ora