5.5K 459 7
                                    

Jungkookနှင့်ပြန်ဆုံရသည်မို့
Kim Minyoungရဲ့မျက်နှာလန်းဆန်းလို့နေသည်။

"Vivien ဟိုမှာ မင်းမိထွေးလာတယ်"
Trisရဲ့ စကားကြောင့် လှမ်းကြည့်လိုက်တော့
အိ‌‌န္ဒြေရှင်မကြီးအပြုံးလေးဖြင့် Clubထဲသို့ဝင်လာသည့်Kim Minyoung

Taehyung သောက်လက်စအရက်ခွက်ကို စားပွဲခုံပေါ်လှမ်းတင်လိုက်ပြီး
"စိတ်ရှုပ်စရာပဲ "

"သားလေး Mommy ကလိုက်ရှာနေတာကွယ်... Mommy နဲ့ပြန်လိုက်ခဲ့နော်သား "
ကျွန်တော့်လက်ကို လာဆွဲပြီး ပျော့ ပျောင်းနူးညံ့တဲ့အသံနဲ့လာပြောနေတာ တကယ်ရွံစရာ

Taehyung နှုတ်ခမ်းတို့ဖိကိုက်လျက်ထိုမိန်းမကိုအလိုမကျသောအကြည့်စူးစူးဖြင့်ကြည့်လိုက်တဲ့အခါ ဟန်ဆောင်ကောင်းသောထိုမိန်းမက
သနားကရုဏာသက်ဖွယ်မျက်လုံးအိမ်တို့ဖြင့်စိုက်ကြည့်နေသည်။
ဇွတ်နူးညံ့ချင်ယောင်ဆောင်နေတာပဲ

"Oh Minyoungကိုယ်တိုင်လိုက်လာတာလား "

ထိုမိန်းမအားIRISကုန်တိုက်ပိုင်ရှင်သူဌေး
Park Bogum က လာရောက်နှုတ်ဆက်သည်။

"ဟုတ်တယ် ဥက္ကဌကြီးရယ် သားကြီးကလေ ကျွန်မနဲ့စိတ်ကောက်ပြီးထွက်သွားတာလေ။ ကျွန်မမှာစိတ်ပူလို့ပြန်လာခေါ်ရတာ"

"အဟက်"
Taehyung မဲ့ပြုံးတစ်ချက်နှုတ်ခမ်းပါး၌ပန်ဆင်လိုက်ပြီး
"စိတ်ပူတယ် ခင်ဗျားက ဟား "
ထိုအခါထိုမိန်းမက Taehyung ရဲ့လက်ကို
ပိုဖိညှစ်ကိုင်ပြီး
"သား‌ရယ် သွားရအောင်လေ မနက်ဖြန်လည်းဂေဟာကိုသွားစရာရှိတာ
Mommy ပြောထားသားနဲ့"

Taehyung နှင့် အကြောင်းသိသောသူငယ်ချင်းများမှာထိုမိန်းမကိုစိတ်ပျက်ရွံရှာဖွယ်အကြည့်များသာပစ်ကျွေးနေမိသည်။

Trisက မနေနိုင်စွာ
"အန်တီက Vivien ကို သားအရင်းတစ်ယောက်လိုပဲနော် သိပ်ဂရုစိုက်တာပဲ။
မိထွေးက လင်ပါသားကိုသဲသဲလှုပ်
ချစ်ပြနေတော့ ကျွန်တော့်အိမ်ကအမေအရင်းကိုတောင်စိတ်ဆိုးချင်လာပြီ"

ထိုချိန် ရယ်သံထွက်လာသည်က IRISကုန်တိုက်ပိုင်ရှင်ဥက္ကဌဆီမှ ...

Kim Minyoung ရဲ့ မျက်နှာသိသိသာသာ ပျက်ယွင်းသွားပြီးနောက် မရှုမလှအပြုံးဖြင့်
"မင်းအမေကိုတောင်ကိုရီးယားရဲ့အမျိုးသမီး အမတ်လောင်းတယောက်အနေနဲ့အိမ်ကို ဖိတ်ပြီးအကြံပေးဦးမှပဲ၊ မိခင်တစ်ယောက်အနေနဲ့သိသင့်တာ တွေသားဆိုးသမီးဆိုးကိုဘယ်လိုပြုစုပျိုးထောင်ပြီးချစ်ပေးရမယ်ဆိုတာပေါ့ "

ဦးဂျွန် // COMPLETED //Dove le storie prendono vita. Scoprilo ora