Jungkookမျက်နှာ ချာခနဲ စောင်းသွားပြီးနောက် ပါးစောင်ကို လျှာဖြင့်ထိုးလျက် နဖူးပြင်မှ သွေးကြော တို့ ထင်းထွက်လို့ လာသည်။
ရုတ်ချည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Taehyung မှာ Tris ကို လှမ်းအော်ပြီး"Tris အရူးကောင် "
Trisက Taehyungရဲ့စကားကို ဂရုမစိုက်ဘဲ Jungkook ကို တွန်းချလိုက်ပြီး အပေါ်မှ အုပ်မိုးကာ သုံးချက် လောက်ဆက်တိုက် ဆွဲထိုးတော့သည်။
Jungkook က ပြန်တွန်းဖယ်သော်လည်း ဖင်ထိုင်လျက်ကျ သွားပြီး နောက်သွေးရူးသွေးတမ်းဖြင့် ပြန်ထလာပြန်သည်။
Trisက ထိုးဖို့အလုပ်
"ခွေးကောင်"
Taehyung က Trisရဲ့ ခါးကိုနောက်ကနေ ဆောင့်ကန်လိုက်တော့ Tris တစ်ယောက် ဒူးထောက်လျက်သား ဟန်ချက်ပျက်ပြီး ထိုင်ချမိသွားသည်။"ဦးဂျွန် ရရဲ့လားဟင် "
Taehyungချက်ချင်း Jungkookဆီပြေးသွားပြီး Jungkook ရဲ့မျက်နှာ ကို ခပ်ဖွဖွ လေးကိုင်လိုက်ပြီး ညှိုးငယ်နေသောမျက်နှာလေးက
စိတ်ပူနေဟန်"Vivien မင်းသောက်ချိုးမဟုတ်သေးဘူးနော်"
Trisမှာလည်း ထိုမြင်ကွင်းကြောင့် လက်သီးကျစ်ကျစ်ဆုပ်လျက်.....
မျက်နှာ ကိုဖိကိုင်ပြီး ခေါင်းငုံ့ နေတဲ့ ဦးဂျွန်ကိုသာ စိတ်ပူမိပြီးငြိမ်ခံနေလို့ပိုပြီး စိတ်တိုတာအမှန်
Taehyung ဒီနေရာကနေ ထသွားချင်ပြီ Trisကို လည်း ဘာမှ ပြောချင်ဆိုချင်စိတ်မရှိတော့"Tris မင်း....."
Taehyung စုတ်တစ်ချက်သတ်လိုက်ပြီး Trisကို လက်ညှိုး ငေါက်ငေါက်ထိုး ပြီးနောက်"ဦးဂျွန် လာ အိမ်ပြန်မယ် "
Jungkook ရဲ့လက်ကို ချိတ်လျက် Jungkook ကားတံခါးဘေး သို့ ဦးတည်ခေါ်လာခဲ့သည်။"ခလေး ဘယ်အိမ်လဲ"
ဒီလူကြီးကတော့လေ ဘယ်အိမ်ရှိရမလဲ
"ဦးဂျွန်အိမ်ပေါ့ ""Vivien...ဒါဘယ်လဲ "
Trisက Taehyung ရဲ့ပုခုံးကိုဆွဲလှည့်လိုက်ပြီး လက်ကို လှမ်းဆွဲသည်။"မင်းအလုပ်မဟုတ်ဘူး ငါ့နောက်လိုက်မလာနဲ့"
ပြောမရ ခြောက်မရ တားမရတဲ့အဆုံးကားထဲ
နှစ်ယောက်စလုံးဝင်သွားခဲ့ပြီ
Trisမှာ ဒုန်းစိုင်း မောင်း ပြေးသွားသော ကားနက်လေးကို သာကြည့်ရင်း ကျန်ခဲ့ရ၏။