3.9K 291 2
                                    

Jiminက အရင်ကထက် ခန္ဓာကိုယ်ထွားလာပြီး မျက်လုံးလေးတွေ ပျောက်သွားသည်အထိ ပြုံးပြနေသေးတာ....
ဒီကောင်က ငယ်ငယ်ကအတိုင်း ချစ်စရာ
eye smile လေးက မပျောက် ...
သို့ပေမဲ့လည်း သူက မိထွေးရဲ့သားပဲလေ..
သူ့အမေရဲ့သွေးပါနေတာ သူ့အမေအတိုင်းရုပ်လှလှလေးနဲ့အတွင်းပုပ် ဖြစ်နေမှာ အသေအချာ....

"မင်းပြန်ရောက်နေပြီလား မျက်စိရှုပ်ရတော့မှာပေါ့"

"အင်း...ညီဒီတခါကြာမှာ အကို...
ဒါနဲ့အကိုဘာစားပြီးပြီလဲ
ညီတစ်ခုခု လုပ်ပေးရမလား"

ဒီကောင့်ကို မကြိုက်တာ အဲ့ဒါပဲ သူ့ကိုဘယ်လောက်စိတ်ပျက်စေမယ့်စကားတွေပြောပြောသူ့အမေလို ကပ်ကပ်လန်အောင် ရန်မတွေ့ဘဲ ကျွန်တော့်ကိုဆိုအမြဲငြိမ်ခံနေတတ်တာ သဘောကောင်းချင်ယောင်ဆောင်ရင်လည်း
ဒီလောက်နှစ်အကြာကြီးဟန်ဆောင်နိုင်ပါ့မလား

Jiminက  Taehyung ရဲ့မျက်ဝန်း ရှည်ရှည် လေး‌ တွေကို ငေးကြည့်ရင်း ခပ်ပြုံးပြုံးဖြင့်သာ
" မင်းလုပ်ပေးတာ မစားချင်ပါဘူး"

ခြေထောက် ဆောင့်ပြီး အပေါ်ထပ်သို့တက်သွားသူလေးကြောင့် Jiminမှာ မျက်စိပျက်မျက်နှာပျက်

Kim Minyoung မှာလည်း သူတို့နှစ်ယောက်ကို စိုက်ကြည့်နေရာက နေ

"Kim Jimin ....မင်းဘာသာမင်းအေးဆေးနေစမ်း အဲ့ကောင်လေးကို မရောနဲ့ အမေ မကြိုက်ဘူး "

ပြောပြောဆိုဆိုနဲ့ ကားသော့ကို ဝေ့ယမ်းရင်း အိမ်အပြင်ထွက်သွားတဲ့ အမေက ပျော်စရာတွေရှိနေပုံ...

ဝတ်ထားတဲ့ သိုးမွှေးခြုံထည်အဖြူအောက် အမေကငယ်ရွယ် နုပျိုတဲ့ အပျိုလေးပမာ...
ကိုယ့်အမေမို့ ကိုယ်ပြောတာမဟုတ် သားတစ်ယောက်မွေးထားတဲ့ အိမ်ထောင်သည်မိန်းမလို့မထင်ရ အမေက‌ အမြဲ ကျော့ကျော့မော့မော့နဲ့နေတတ်သည်။
လူမှန်းသိတတ်စအရွယ်ကတည်းက အမေ့ ရင်ခွင်ထဲ အတင်းတိုးပြီးကပ် ချွဲချင်ခဲ့ပေမဲ့
အမေက Spaသွားလိုက် Shopping ထွက်လိုက်ဖြင့်သာ ကျွန်တော့်နားတစ်ခါမှ ရှိမနေခဲ့...
အကို Taehyung ကလည်း မိထွေးရဲ့သားဆိုပြီး အချိန်တိုင်း အကန်တွေပဲပြောပြီး မုန်းတီးနေခဲ့သည်။
အလယ်တန်းကျောင်းသားဖြစ်တဲ့ ကျွန်တော့်ကို အမေက ပညာ‌ ရေး ကောင်းစေချင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ California မှာ ကျောင်းသွားတက်ဖို့စေလွှတ်ခဲ့၏
အမေ့ရဲ့‌ဆန္ဒကို မလွန်ဆန်နိုင်တာနဲ့ အကို Taehyung နဲ့မခွဲချင်ပေမဲ့ ကျောင်းသွားတက်ခဲ့ရသည်။
အကိုက ဂျစ်ကန်ကန် ဘုဂလန့်စကားတွေသာဆိုတတ်ပေမဲ့ သူ့ထက်၅နှစ်ငယ်တဲ့ ကျွန်တော့်ကို အမေ့ထက် ပိုဂရုစိုက်တာကျွန်တော်သိတာပေါ့...

ဦးဂျွန် // COMPLETED //Where stories live. Discover now