"သား... Taehyung လား ဦးပါ Professor Park..."
"သား စုံစမ်းခိုင်းထားတဲ့ သားအဖေရဲ့ Deadbody ကိစ္စလေ ခွဲစိတ်ဆရာဝန်က ဂျယ်ဂျူကျွန်းမှာ အခြေကျနေတာ သူ့ကိုရှာတွေ့ခဲ့ပြီ။ ဦးရဲ့ တပည့်လေး သူ့ဆေးခန်းမှာအလုပ်ဝင်လုပ်နေတယ် စကားနှိုက်ခိုင်းထားတာ ရသလောက်
အသံဖမ်းထားတယ်တဲ့"ဖိနပ်ကြိုးကို ကိုင်ထားတဲ့ Taehyung ရဲ့ လက်တို့ ရပ်တန့်သွားပြီး
"ဒါဆိုတရားခံသိရတော့မှာပါနော် ဦး""အင်း....အဲ့ကလေး ဂျယ်ဂျူက ပြန်လာတာနဲ့ အသံဖိုင်ရရင်ပေါ့...ဒါနဲ့သား သေတမ်းစာ ကိုရောစစ်ဆေးပြီးပြီလား သားအဖေလက်ရေးသေချာလား"
"မစစ်ရသေးဘူး..သားအဖေလက်ရေးနဲ့တူပါတယ်"
"လိုရမယ်ရ လက်ရေးမူစစ်ထားကြည့်ပါဦး..."
"ဟုတ်ကဲ့ ဦး။ "
"အေး ဒါဆို ကောင်းပြီ ဦးဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့ "
ငယ်ငယ်ကတော့ မိထွေးရဲ့စကားကို လူအများက ယုံတာကြောင့် ဘာမှ မသိနားမလည်သေးတဲ့ Taehyungမှာ ရင်ထဲက အစိုင်အခဲတွေကို သိုသိုသိပ်သိပ်နေခဲ့ရပေမဲ့ အရွယ်ရောက်လို့ Seoul မှာ အခြေချတာနဲ့ အဖေ နှလုံးအမောဖောက်ပြီးဆုံးတာဟူတ်မဟုတ် နောက်ဆူံးစစ်ဆေး အတည်ပြုခဲ့သည့် ဆရာဝန်ကို
အဖေ့အသိ ဦးလေး ခွဲစိန်ဆရာဝန်ကြီးအား အကူအညီတောင်းပြီး စုံစမ်းစေခဲ့သည်။မိထွေးမရှိတုန်း အဖေနဲ့ မိထွေးရဲ့ အခန်းထဲက
သေတမ်းစာ ယူရန် Taehyung မိထွေးအခန်းထဲ ခိုးဝင်ခဲ့တယ် ...ငယ်ငယ်က တခါသာ စစ် ေဆး အတည်ပြုခဲ့ပြီး အဖေ့ရဲ့ ရှေ့နေက
ငယ်ငယ်လေးရှိသေးသည့် ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို စောင့်ရှောက်ရန် ထို
သေတမ်းစာကို
မိထွေးထံ လက်လွှဲပေးခဲ့သည်။စာအုပ်စင်မှာ ရှာသော်လည်း မတွေ့...
အဝတ်ဗီရို လှန်လော ရှာလိုက် အံဆွဲတွေထဲ မွှေနှောက် ရှာလိုက် နဲ့ အချိန်အနည်းငယ်ကြာတော့ မိထွေးရဲ့ကုတင်အောက် မွေ့ရာ စကို လှန်လိုက်တော့
သစ်သား သေတ္တာလေး တစ်ပုံးကို တွေ့ရ၏
ထို သေတ္တာလေးကို ဖွင့်လိုက်သည်နှင့်
အပေါ်ဆုံးမှာ