4.2K 334 2
                                    

နိုးနိုးချင်း ဖုန်းထဲ message ဝင်နေလို့ ကောက်ကြည့်လိုက်တာ unknown ph noဖြစ်နေခဲ့တယ်

"Jungkook  ငါတို့ တွေ့နေ‌ကျ ကျောင်းခေါင်မိုးထပ်ကို လာခဲ့ နင်မလာရင်ငါ ဒီတခါလည်း
ခုန်ချဖို့ဝန်မလေးဘူးနော် "

"Kim Minyoung ဆီကပဲ...."

အမြန်ရေချိုးပြင်ဆင်ပြီး ထိုမိန်းမကို ရှင်းစရာရှိတာရှင်း ဖြတ်စရာရှိတာဖြတ်ရန် သွားဖို့ဆုံးဖြတ်ခဲ့သည်။ မသွားခင် Vivien အခန်းထဲလည်း ဝင်နှုတ်ဆက်ရဦးမယ်။ ခလေးကဒီအိမ်ကြီးထဲ အသိ ဆိုလို့ ကိုယ်ပဲရှိတာ မဟုတ်လား....ဒီခလေးရဲ့စိတ်ကလက်တဆစ် ကိုယ်မရှိတုန်းထွက်ပြေးသွားခါမှ
အကြောင်းမဲ့သက်သက်စိတ်ပူနေရဦးမယ်
:
:
:
" နိုးလာပြီလား "

ပြတင်းပေါက် မှာ မတ်တပ်ရပ်နေရာကနေ လှည့်ကြည့်လိုက်တော့
အပြင်သွားဖို့ရှိတယ်ထင်တယ်ဝတ်စားထားတာ လန်ပျံနေရော...
ဒီလူကြီးကstyleကျကျနဲ့သပ်သပ်ရပ်ရပ်နေတတ်ပုံပဲ
"အင်း...အပြင်သွားမလို့လား"

"ဟုတ်တယ် ဒီနေ့ ပိတ်ရက်ဆိုပေမဲ့ ကိုယ်ချိန်းထားတာလေးရှိလို့ မင်း အတွက် ခဏနေရင် မနက်စာနဲ့ ဆေးလာပို့လိမ့်မယ်.. မတ်တပ်ရပ်နိုင်ပုံထောက်ရင် ခြေထောက်ကအတော်လေး သက်သာနေပြီပဲ"

"ခါးတော့နာနေသေးတယ်..ဒီ‌ လောက်ဆို
ကျွန်တော်အိမ်ပြန်လို့ရပါပြီ"

"ခဏနေပါဦး ခလေးရဲ့ ...ကိုယ်ပြန်လာမှ မင်းအိမ်ကိုပြန်လိုက်ပို့ပေးမယ် မင်းမိသားစုဝင်တွေကိုလည်း ကိုယ်ကြည့်ကြပ်ရှင်းပြရဦးမှာပေါ့... "

Taehyung မှာ ဘာပြန်ပြောရလဲပင်မသိတော့ ..ခေါင်းကိုသာခါးယမ်းလိုက်ပြီး

"ရတယ်အဲ့လောက်ထိလုပ်ဖို့မလိုပါဘူး Clubပဲလိုက်ပို့ပေးပါ ကျွန်တော့်ကားက Clubမှာကျန်ခဲ့တာ သွားယူချင်လို့"

"အာ ဟုတ်ပြီ ဟုတ်ပြီ...ရေချိုးပြီးရင် ဗီရိုထဲက နေ မင်းအဆင်ပြေမယ်ထင်တဲ့ ကိုယ့်အင်္ကျီယူဝတ်လို့ရတယ်နော်"

"  ...ဟုတ်ကဲ့"

"ဒါဆို ကိုယ်သွားဦးမယ် ခလေး"
:
:

"Vivien အတွက် နွားနို့တစ်ခွက်နဲ့ ပေါင်မုန့်ကြက်ဥကြော် ပို့ပေးလိုက်  ဆေးသောက်ဖို့လည်းသတိပေးလိုက်ဦး ပြီးရင်သူလိုအပ်တာတွေ မင်းကူညီပေးလိုက် အခန်းတံခါးကိုသော့ခတ်ထားပြီးစောင့်ကြည့်ဖို့လည်းမမေ့နဲ့  "

ဦးဂျွန် // COMPLETED //Where stories live. Discover now