"ဟား ဟား ဒီတခါ မင်းအလှည့်ပဲ
Kim Taehyung"
Kim Minyoung ရဲ့စကားသံတို့ကို နားထဲမဝင်Taehyung မှာ မျက်စိရှေ့က Jiminကို
သာ ကြည့်ပြီး အသိစိတ်တို့ ကင်းမဲ့နေစဉ်"ခလေး"
"အာ့...."
Kim Minyoung ရဲ့ ခြေထောက်သို့ သေနတ်မှန်သွားခဲ့သည်။
ထို့နောက် ထိုမိန်းမလဲကျသွားတုန်း ရဲတွေနဲ့အတူ"ဦးဂျွန်"
ကျွန်တော့်ရဲ့ ဉီးဂျွန်နဲ့ Cha Minwoo တို့ရောက်လာခဲ့သည်။ အပြန်အလှန်ပစ်ခတ် နေသည့် သေနတ်သံတွေကြားမှ ဦး ဂျွန်က
ကျွန်တော့် ကို တုတ်နှောင်ထားသည့် ကြိုးတို့ကို ဖြည်ပေးသည်။Kim Minyoung ကိုတော့ ရဲတစ်ယောက်က လက်ထိပ်ခတ်ပြီး ခေါ်သွားခဲ့သည်။
"ညီ..."
Taehyung ပြေးသွားမိသည်က
Kim Jimin ဆီသာ
"ကိုကို့ ညီလေး.....ညီ ...ကိုကို ခေါ်နေတာ ထူးပါဦး ""ကိုကို့ကို ကိုကို လို့ခေါ်ဦးလေး အီးဟီး..."
ငိုနေတဲ့ Taehyung ရဲ့အနား ကနေ
Jiminရဲ့ လည်ပင်း
သွေးကြောကို Jungkook စမ်းလိုက်ပြီး"သူ့ကို ဆေးရုံအရင်ပို့ရအောင် ခလေးရယ်"
"Jimin မသေ သေးဘူးမလား ဦးဂျွန် ...
ကျွန်တော့်ညီလေး မသေဘူးမလား "Taehyung မှာ Jiminကို ဖက်လျက် အော်ငိုနေခဲ့သည်။
"စိတ်ကို အေးအေးထားပါ ခလေးရယ် ...နော် "
Jiminကိူ လူနာတင်ယာဉ်ပေါ် တင်ခေါ်သွားသည်အထိ ခလေးမှာ အသိစိတ် လွတ် နေပြီး
ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။" ကိုယ့်ခလေးလေးရယ်...ပင်ပန်းခဲ့ရပြီ..."
_________👊
တစ်လကြာပြီးနောက်
Dubai က အပျော်စီး သင်္ဘောပေါ်၌
မင်္ဂလာသတို့သားနှစ်ယောက်မှာ ရှန်ပိန်ဖောက်လို့
" ဒီလင် ဒီလင် အိုအောင်မင်းအောင် ပေါင်းရပါစေ ဗျာ"
Namjoon ရဲ့ စကားကြောင့် အကုန်လုံး ဝိုင်းရယ်ကြ၏။
ကြင်သူဆီကမျက်စောင်းထိုးခံလိုရသည်နှင့်
"ဟာ မောင်က အဲ့လို ဆုမတောင်းပေးလို့
ဘယ်လိုဆုတောင်းပေးရမလဲ ဦးဂျင်ရ"