Tae's Mine💚💜part(10)

1.1K 69 2
                                    


Seoul ပြန်ရောက်ထဲကနာရေးကိစ္စတွေနဲ့ အကုန်လုံးအလုပ်တွေရှုပ်နေကြရတယ် ကိုယ့်ရင်ခွင်ထဲမှာတသိမ့်သိမ့်ရှိုက်ငိုပြီးပါလာတဲ့ခလေးငယ်ကအိမ်ပြန်ရောက်ထဲကငိုနေတာမတွေ့မိတော့ဘူး မိခင်ဖြစ်သူနားမှာအားပေးပြီးနေနေတဲ့ ခလေးကိုကြည့်ပြီး ထယ်ယောင်းတကယ် ချီးကျူးမိတယ် ကိုယ်ဆိုရင်တောင်အာ့လောက်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး

"ကိုကို"
"..."
" ကျွန်တော်နောက်လထဲ U.Sကိုသွားရမယ်"

"ရုတ်တရက်ကြီးလား ခနလောက်နားဖို့လိုသေးတယ်လေ အရမ်းပင်ပန်းထားတယ်မဟုတ်လား ပြီးတော့ကျောင်းကိစ္စတွေ.."

" ကျွန်တော်အားလုံးစီစဥ်ပြီးပြီ ကိုကို" ကိုယ့်စကားမဆုံးခင်ဖြတ်ပြောလာတဲ့ခလေးငယ်

"ကိုကိုကိုယ်တော့အရင်တိုင်ပင်သင့်တယ်မဟုတ်လား ကိုကိုလည်းခလေးကိုအများကြီးကူညီပေးနိုင်ပါတယ် ခုဟာက.."

" ကျွန်တော်အရွယ်ရောက်ပြီကိုကို ဒယ်ဒီမရှိတော့တဲ့အချိန်မှာ မာမီအတွက်ကျွန်တော်ကကြံ့ခိုင်တဲ့လူဖြစ်နေဖို့လိုတယ် သူများအကူညီမလိုပဲ"

" သူများအကူညီ..ဟုတ်လား..သူများအကူညီ..ဟားးး" ထယ်ယောင်းခြောက်ကပ်ကပ်ရယ်မိလိုက်တယ်

"ကိုကိုကခလေးအတွက် သူများပေါ့ တစိမ်းပေါ့လေ ဟားးး"

"ကိုကိုကတစိမ်းမဟုတ်ရင်တောင်.... "

"တော်တော့...ဆက်မပြောပါနဲ့တော့"

ထယ်ယောင်းဆက်ပြောလာမယ့်စကားသံတွေကိုတကယ်မကြားနိုင်တော့တာကြောင့် ဒူးထောက်ပြီးထိုင်ချမိလိုက်တယ် ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းချုပ်ထားသော်လည်း ပါးပြင်ပေါ်အလိုက်မသိတာကျိုးသလို စီးဆင်းတာတဲ့မျက်ရည်တွေ သိပ်မုန်းလိုက်တာ မင်းအာ့လိုပျော့ညံ့နေလို့ ခလေးငယ်ကို အားပေးနေရမယ့်အချိန်မှာ ဘာကြောင့်အားမပေးနိုင်ရတာလဲ

"ကိုကို"

ဒူးထောက်ထိုင်နေတဲ့ ကိုယ့်ပေါ်ကိုအုပ်မိုးလာတဲ့ရင်ခွင်လေး ကိုယ့်ကျောကိုအသာပွတ်ပြီးပြန်နှစ်သိမ့်ပေးနေတာပေါ့လေ ဒေါသတွေထွက်လိုက်တာ ကိုယ့်ကိုကိုယ်

Tae's Mine (Completed)Where stories live. Discover now