Tae's Mine💚💜part(5)

1.3K 70 1
                                    


အိမ်ပြန်ရောက်တဲ့အထိ ထယ်ယောင်းစိတ်မကြည်ပါ ကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိတယ် ခလေးငယ်ပေါ်အရမ်းများအနိုင်ယူခဲ့မိသလား အရမ်းမှားသွားပြီလား မေမေပြောပုံအရတော့ ခလေးကမနက်ဖြန်ရုပ်ရှင်ကြည့်ဖို့လာခေါ်တာဆိုပဲ အင်း ဒီခလေးကိုမနက်ပြန်ချော့မှပါလေ
ဟိုဘက်ဒီဘက်လှည့်အိပ်ပေမယ့် ဘယ်လိုမှအိပ်လို့မရတာကြောင့် မနေနိုင်တော့တဲ့အဆုံးထယ်ယောင်းခလေးငယ်အိမ်ကိုလိုက်လာရတော့တယ်

"အန်တီ ကုကီးရှိ.."

စကားတောင်မဆုံးသေးအရှေ့မှမြင်လိုက်ရတဲ့ အဆိုးအပေလေးက စပို့ရှပ်အနက်ရောင်ကြီးအပွကြီးကိုဘောင်းဘီရှည်လေးနဲ့တွဲဝတ်ထားပြီး တော့ပိုကီတွေပလုတ်ပလောင်းစားနေလေရဲ့ ပါးစပ်တွေမှာလည်းပေပွပြီး ကိုယ့်ကိုမြင်တော့မျက်စောင်းလှမ်းထိုးနေသေးတာ သူစိတ်ကောက်နေပါတယ်ပေါ့

"သားယောင်းလေး မိုးတောင်အတော်ချုပ်နေပြီ ဟိုလူဆိုးကောင်ကိုလာချော့တာလား"

"ဗျာ "

မဟုတ်မှ ဒီအဆိုးအပေလူကြီးတွေကိုအားလုံးပြောပြထားတာလား

"ညနေက ငိုယိုပြီးပြန်လာလို့လေ သားကဆူလိုက်လို့တဲ့ ဘာမှမစားတော့ဘူးဆိုပြီးလုပ်နေတာ ဘယ်သူမှခေါ်မကျွေးလို့သူ့ဟာသူထစားနေလေရဲ့"

"ဟုတ် ဟုတ် ကျွန်တော်နည်းနည်းဆူလိုက်လို့ပါ သွားပြန်ချော့လိုက်အုံးမယ်အန်တီ"

"များများဆူ ယောင်းလေးရေ ဒီခလေးသိပ်ဗိုလ်ကျလွန်းတာ"

"ဟုတ်"

TV remote ကိုဟိုနှိပ်ဒီနှိပ်လုပ်နေတဲ့အဆိုးလေး သူမသိချင်ယောင်ဆောင်နေတာပေါ့လေ

"ကုကီးရေ "

"ခလေး မနက်ဖြန်ရုပ်ရှင်ကြည့်မလို့ဆို ကိုကိုလိုက်ပို့ပေးမယ်လေ"

"မုန့်တွေလည်းအများကြီးဝယ်ကျွေးမယ်နော်"

"မုန့်နဲ့မျှားရအောင်ကျွန်တော်ခလေးမဟုတ်ဘူး"

ပြောချင်ရာပြောပြီးလှေကားကနေတဒုန်းဒုန်းတက်သွားတဲအကောင်ပေါက်

ဂျိန်း!

အခန်းတံခါးကိုအားနဲ့စောင့်ပိတ်ပေမယ့် လော့မချထားတာကိုကြည့်ချင်းအားဖြင့် ဝင်ချော့စေချင်တဲ့သဘော ထယ်ယောင်းအခန်းတံခါးကိုဆွဲဖွင့်ပြီးဝင်လိုက်တဲ့အချိန် နွေးခနဲဖြစ်သွားတဲ့ခံစားချက်နဲ့အတူ ရနေကျနို့နံ့ချိူအီအီလေး

Tae's Mine (Completed)Tempat cerita menjadi hidup. Temukan sekarang