New Zealand, Wellington
စောင်အထူခပ်ကြီးကြီးနဲ့ရင်ခွင်ကျယ်ခပ်နွေးနွေးထဲကနေ ထယ်ယောင်းကိုယ်လေးအနည်းငယ် လှုပ်ရှားလိုက်ပြီး မျက်နှာချောချောလေးကိုမော့ကြည့်လိုက်တော့ ဖြူနုနုမျက်နှာချောချောလေးက ဘာခြယ်သမှုမှမရှိပဲ ပကတိကြည်လင်ရှင်းသန့်နေတာ နှုတ်ခမ်းအောက်ကမှဲ့နက်လေးကိုထိကပ်ပြီး နီဆွေးနေတဲ့နှုတ်ခမ်းပါးလေးကိုတစ်ချက်ငုံထွေးပြီးတော့မှ အနည်းငယ်ရှည်လာပြီဖြစ်တဲ့ ဆံပင်ပွယောင်းယောင်းလေးတွေကမျက်တောင်မွှေးရှည်ရှည်လေးတွေကို ကွယ်နေလို့ လက်ချောင်းလေးနဲ့အသာဖယ်ပေးလိုက်ပြီး အမြဲလိုလိုတလက်လက်တောက်ပနေတဲ့ မျက်ဝန်းဝိုင်းလေးတွေကိုဖုံးအုပ်ထားတဲ့ မျက်ခွံဖွေးဖွေးလေးကို ဖိကပ်နမ်းလိုက်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့မျက်စံလေး
"Happy Birthday ထယ့်ရဲ့မောင်"
ပါးပြင် နူးအိအိလေးကိုဖွဖွပွတ်ပြီး နားနားကပ်ပြီး ခပ်တိုးတိုးရေရွတ်လိုက်တော့ နှုတ်ခမ်းပါးလေးကအနည်းငယ်တွန့်ချိုးပြီးပြုံးသွားသည်
" Thank baby"
"အိပ်ချင်ယောင်ဆောင်နေတာပေါ့လေ"
"အင်းးမောင့်ကိုဘယ်လိုများအခွင့်ရေးယူမလဲလို့စောင့်နေတာ"
ရင်ခွင်ထဲကိုခပ်ကြမ်းကြမ်းဖိကပ်ထားပြီး စကားဆိုလာတာကြောင့် ထယ်ယောင်းခပ်တင်းတင်းပြန်ဖွေ့ဖက်လိုက်ပြီး ကျောပြင်တလျှောက်လက်ဝါးနဲ့ပွတ်ပေးလိုက်တော့ ခပ်ဟဟရယ်သံထွက်လာသည်
" အခွင့်ရေးတကယ်ယူပြရမှာလားပြော"
ထယ်ယောင်းရဲ့စကားကြောင့် ဖိကပ်ထားရာကနေ မျက်ဝန်းဝိုင်းလေးတွေက ငုံ့ကြည့်လာတယ်
" ပြောလေ အခွင့်ရေးယူပေးရမှာလား ခလေးလေး"
လက်တွေစုံချီဆန်ချီလှုပ်ရှားပြီးပြောလိုက်တော့ ဖိကပ်ထားရာကနေဆွဲခွာပြီးအပေါ်ကနေအုပ်မိုးလာပြန်သည်
" မှားနေတယ် ခလေးလေးရဲ့ အခွင့်ရေးယူတယ်ဆိုတာဘာလည်းဆိုတာ ဒီကိုကိုကပြပေးမယ်"
ထယ်ယောင်းအပေါ်ကလူကိုတဖန်ပြန်တွန်းချလိုက်ပြီး အပေါ်ကနေ ဗိုက်ပေါ်ခွထိုင်ပြီး အုပ်မိုးလိုက်တော့ မျက်နက်ဝန်းလေးတွေကတလက်လက်တောက်ပြီးစိတ်လှုပ်ရှားမှုကြောင့်ပိုမိုဝိုင်းစက်လာတယ် ဒီပုံစံလေးကိုသိပ်သဘောကျတာမို့ သဘောတကျရယ်မိတော့ ယုန်ပေါက်လေးကအူတူလေးပြန်ကြည့်နေပြန်သည်
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~