Present ☁🍀

961 58 2
                                    

"ထယ် ဒီတစ်ခါနှစ်ပတ်လည်နေ့ကျရင် မောင်တို့ ခရီးတိုလေးပဲဖြစ်ဖြစ်ထွက်ကြရအောင်နော်"

အိပ်ယာထဲကနေမထသေးပဲ ရင်ခွင်ထဲဝင်ပြီးချွဲနေပြန်တဲ့မောင် အခုဆိုဘာလိုလိုနဲ့မောင်နဲ့အိမ်ထောင်သက်တမ်း(၂)နှစ်ပြည့်တော့မယ် ဒီအတောအတွင်း မောင်ဟာအရာရာတိုင်းကိုဂရုတစိုက်နဲ့ယုယုယယလေး လုပ်ဆောင်ပေးရှာတာ နှစ်ယောက်လုံးအလုပ်တွေမအားတာကြောင့် မဂ်လာပွဲပြီး ဟန်နီးမွန်းတောင်မထွက်ခဲ့ရဘူး ဒီကြားထဲမောင်ခဏခဏပူဆာပေမဲ့ အလုပ်ကိုပဲဦးစားပေးနေတာကြောင့် အိမ်မှာနေတဲ့အချိန်ကလွဲလို့နှစ်ယောက်သားခရီးရက်ရှည်တစ်ခါမှ မသွားရသေးဘူး
အဲ့အတွက်အစားအနေနဲ့ မောင်ဆိုတဲ့နာမ်စားလေးကိုခေါ်ပေးမယ်ဆိုတော့ မအီမလည်ပုံစံလေးနဲ့လက်ခံပေးခဲ့တာ ခုလည်းခရီးထွက်ချင်တယ်ဆိုပြီးလာချွဲနေပြန်ပြီ

" အလုပ်တွေပုံနေတယ်လေမောင်ရယ်"

နှဖူးပြင်ပေါ်ဝဲကျနေတဲ့ဆံသားလေးတွေသပ်တင်ပေးရင်း​ပြောမိတော့ မကျေမနပ်ရုပ်လေးနဲ့ကြည့်ပြီး အိပ်ယာကထဖို့လုပ်တယ်

"မောင်..မောင်လို့"

ခေါ်တာပြန်မထူးပဲ ကုတင်ပေါ်ကဆင်းဖို့လုပ်နေတာကြောင့် အနားကပ်ပြီးခါးကိုခပ်တင်းတင်းဆွဲဖက်ထားလိုက်တော့ ကုတင်ပေါ်ကနေခြေထောက်တွဲလောင်းချလျက်ငြိမ်ကျသွားတယ်

"မောင်သိပါတယ် ခုအသစ်စထုတ်မဲ့ ထုတ်ကုန်တဲ့အတွက်အားလုံး အားစိုက်နေကြရတယ်ဆိုတာ အဲ့အချိန်မှာလူကြီးတစ်ယောက်ဖြစ်တဲ့ ထယ်က အပျော်ခရီးထွက်​နေတယ်ဆိုဘယ်တရားမလဲမောင်ရယ်"

ကျောပြင်လေးကိုပါးကပ်ရင်းဆိုတော့ မကျေနပ်တဲ့ရုပ်လေးနဲ့ပြန်လှည့်ကြည့်ရင်း

"မောင်ကခုသွားဖို့ပြောတာမှမဟုတ်တာ နှစ်ပတ်လည်နေ့မှလေ ပြီးတော့အဲ့ဒါကလည်းဒီဇင်ဘာလေ နောက်လမှသွားမဲ့ဟာကို ပြီးတော့ တချို့ကိစ္စတွေထယ့်အတွင်းရေးမှူးနဲ့လွှဲခဲ့လည်းရတဲ့ဟာကို "

"မောင်ကကွာ အဲ့လိုမျိုးတွေမလုပ်ချင်လို့ပါဆို လက်အောက်ငယ်သားတွေပင်ပန်းနေတဲ့အချိန်မှာအေးအေးလူလူနေပြီ ကောင်းကျိုးခံစားတဲ့အချိန်ကျမှမိန့်မိန့်ကြီးကြီးနေရတဲ့သူပုံစံမျိုးထယ့်ကိုဖြစ်အောင်လုပ်နေတာလား"

Tae's Mine (Completed)Donde viven las historias. Descúbrelo ahora