Tae's Mine💚💜part(6)

1.3K 67 0
                                    


အာ့နေ့တနေ့လုံး အဆိုးဆာလေးကိုချော့လိုက်ရပါတယ် ကောင်မလေးတွေကိုအထာပေးနေတယ်ဆိုတဲ့စွတ်ဆွဲချက်တွေကြောင့်

"ကိုကို "

ထယ်ယောင်း အိမ်ရှေ့ပန်းခြံထဲမှာ စကားပြောနေချိန် အဆိုးအပေလေးရောက်လာပြန်ပါတယ် သူလာရင်ကိုယ့်မှာတကယ်ကြောက်ရတယ် ဘေးမှာတခြားတယောက်ရှိနေမှာ  ဖွင့်ပြောခံရတာကိုယ်ဆိုပေမယ့် ဒင်းရဲ့သဝန်တိုချက်တွေကြားမှာနေစရာနေရာမရှိပါ ခုလည်းငယ်သူငယ်ချင်းနမ်ဂျွန်းနဲ့ရှိနေချိန်ရောက်လာတာကြောင့် လန့်မိပါတယ်

"ကုကီး ကိုကို ဒီမှာ"

ထင်တဲ့အတိုင်းပါပဲ ဘေးမှာထိုင်နေတဲ့နမ်ဂျွန်းကိုမြင်တာနဲ့ဆူထော်လာတဲ့နှုတ်ခမ်းလေး

"ကိုကို ဘာလုပ်နေတာလဲ"

"ကိုယ့်သူငယ်ချင်းပါ မတွေ့တာကြာပြီလေ သူကခုမှဂျပန်ကပြန်ရောက်လို့ လာတွေ့တာ"

"ကိုကို သိပ်ပျော်နေတာပေါ့လေ သွားကြီးကိုဖြီးလို့ ဟွန့်!"

*စလာပါပြီ ဒါတွေသိလို့သူငယ်ချင်းပါအရင်ပြောထားတာကို အဖြေတောင်ပြန်မပေးရသေးပဲကြောက်နေရပါလား ကင်ထယ်ယောင်းရေ ဟူး*

" ပျော်လို့တော့မဟုတ်ပါဘူး ကုကီးရဲ့"

"အော် ဒါနဲ့လေ ကုကီးကပန်းချီဝါသနာပါတယ်နော် ကိုကိုသူငယ်ချင်းကပန်းချီဆရာလေRMတဲ့ နာမည်အရင်းက ကင်နမ်ဂျွန်း"

"ဝိုး ဆရာRM "

" ကုကီးကဆရာ့ပရိတ်သတ်ပါ ဆရာ့ပန်းချီတွေအရမ်းသဘောကျတာ ဆရာ့ပန်းချီတွေကလေ စိတ်ချမ်းသာမှုနဲ့အားအင်တွေအများကြီးပေးတာ "

"ဆရာ့ကို အသက်ကြီးကြီးလို့ထင်ထားတာ ခုမှငယ်ငယ်ချောချောလေးရှိသေးတာပဲ ဟီးဟီး"

"မငယ်ပါဘူး ကိုကိုထက်တောင်၂နှစ်ကြီးတယ်သူက"

"ဟမ်!"

*ဟုတ်တယ်လေ ကိုယ့်မှာတော့သူသဝန်တိုမှာကြောက်လို့ မိတ်ဆက်ပေးရတယ် ဒင်းလေးကတော့ *

"ဘာပဲဖြစ်ဖြစ်ပါ ချောတာကချောတာပဲ ဟီးဟီး"

" ကုကီးနာမည် ဂျွန်ဂျောင်ကုပါဆရာ"

Tae's Mine (Completed)Tempat cerita menjadi hidup. Temukan sekarang