မနက်ကိုယ်နိုးလာတော့ ဘေးမှာ ခလေးငယ်ရှိနေမတော့လို့ ရေချိုးခန်းဆီအပြေးသွားတော့လည်း မတွေ့ပြန်ဘူး အောက်ထပ်ကိုအမြန်ပြေးဆင်းပြီးရှာမိတော့လည်း မတွေ့ မနက်စောစောစီးစီးကိုယ့်ကိုထားခဲ့ပြီးဘယ်များသွားပြန်ပြီလဲ လူကတကယ်စိတ်မကြည်တော့ဘူး မီးဖိုခန်းဘက်က သီချင်းညီးသံလေးကြားလိုက်မိတော့မှ
*ဒါခလေးအသံပဲ ဒီကောင်လေးဘာလုပ်နေတာလဲ *မီးဖိုးခန်းဘက်သွားကြည့်လိုက်တော့ ကိုယ့်ကိုကျောပေးပြီးသီချင်းတအေးအေးနဲ့ချက်ပြုတ်နေတဲ့ခလေး ကိုယ်သဘောတကျပြုံးမိလိုက်တယ် နောက်ကျောလေးပဲမြင်ရတာတောင်အေးချမ်းလိုက်တာ အနားကိုအမြန်သွားပြီး အနောက်ကနေခါးသေးသေးလေးကို ခပ်တင်းတင်းလေးဖက်လိုက်တော့
လုပ်လက်စတွေကိုရပ်တန့်ပြီး ကိုယ့်လက်ပေါ်ပြန်အုပ်မိုးကိုင်လာတယ်"ဘာလို့ ငါ့ကိုမနှိုးတာလဲ"
"အိပ်ရေးမဝမှာစိုးရိမ်လို့"
" မင်းကျအစောကြီးထချက်နေရပြီး ငါကအိပ်နေတော့ဘယ်တရားမလဲ"
သူ့ပခုံးလေးပေါ် အနောက်ကနေမေးတင်ပြီးပြောလိုက်တော့
"မောင်တို့ကြားမှာမလိုအပ်တဲ့စကားတွေမပြောရဘူးလေ"
ကိုယ့်ဘက်ကိုလှည့်ပြီး ပါးပြင်ကိုထိန်းကိုင်ရင်းလေသံအေးအေးလေးနဲ့ဆိုလာတာ
" လိုအပ်တဲ့စကားကဘာတွေလည်းပြောပါအုံး"
" ထယ်သိပါတယ်"
"မသိပါဘူး"
" သိအောင်လုပ်ပေးရမှာလား"
"အင်း"
ကိုယ်ပြောလိုက်တော့ မျက်နှာနားတိုးကပ်လာတဲ့ကောင်လေး နှာခေါင်းချင်းပွတ်တိုက်ပြီး ကိုယ့်နှုတ်ခမ်းဆီတိုးကပ်လာတဲ့ နီထွေးထွေးလေး
"ပါပါး..."
"ဟမ်..ဟမ်"
ကောက်ကွေးလေးရဲ့အသံစူးစူးကြောင့် ခလေးငယ်ကို အမြန်တွန်းလိုက်တော့ ဘေစင်နားရောက်သွားတဲ့ လူဆိုးလေးကမကြည့်ကြည့်နဲ့ဂျွန်ယောင်းကိုလှမ်းကြည့်နေတာ
" ဂျွန်ယောင်းလေး ဘာဖြစ်လို့လဲဟင်"
"ပါပါးကို ဒယ်ဒီဘာလုပ်နေတာလဲ"
ESTÁS LEYENDO
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~