ခလေးငယ်ရဲ့လက်တွေက်ိုတင်းတင်းဆုပ်ကိုင်ပြီး ကိုယ့်အနောက်ကိုပို့ထားလိုက်တယ် ချွေးစေးတွေပြန်ပြီး အေးစက်နေတဲ့လက်လေးကြောင့် ခလေးငယ်လန့်နေမယ်ဆိုတာသိတာပေါ့ အမှန်တော့ကိုယ်တိုင်လည်းအနည်းငယ်စိုးထိတ်နေမိတယ် ဒါပေမယ့်လည်းကိုယ်ကအကြီးလေ"ယောင်းလေး အန်တီတို့သားအပေါ်ကိုယ့်သားလေးလို့သဘောထားခဲ့တာ အခုတော့."
"တော်တော့ မာမီ "
အသံစာစာလေးနဲ့အရှေ့ထွက်ကာပြောလာတဲ့ ခလေးငယ်ကြောင့်ကြောင်အသွားမိတယ် အရှေ့ကလူကြီးတွေလည်းဆွံ့အလျက်
"ကိုကို့ကိုယ်မပြောပါနဲ့ အားလုံးကသားကပဲစတာ သားကပဲချစ်တယ်ပြောခဲ့တာ ကိုကိုမှပြန်မချစ်ရင်သေရတော့မှာမို့ "
ကိုယ့်လက်တွေကိုပိုတင်းတင်းဆုပ်ကိုင်ပြီး သူ့ရင်ဘတ်ကိုအပ်လိုက်ပြန်တယ်
" ကျွန်တော်မှာကိုကိုရှိမှဖြစ်မှာ အားလုံးကငြင်းဆန်နေလည်းကိုကို့ကိုယ်ရွေးချယ်မှာ ကိုကိုမကြောက်နဲ့နော် ကျွန်တော်ရှိတယ် ကိုကိုရှေ့ကနေကျွန်တော်ကအမြဲမားမားမတ်မတ်ရပ်တည်နေမှာ"
ပြောချင်တဲ့စကားတွေကိုသာတရစပ်ပြောနေတဲ့ခလေးကြောင့် ကိုယ့်မှာမျက်လုံးအဝိုင်းသားနဲ့ပဲကြည့်နေမိတယ် ဒီနို့နံ့နဲ့ခလေးလေးက ခုမှဘာလို့သိပ်ဆွဲဆောင်မှုရှိနေရတာလဲ
"ဟားးး"
"ဒယ်ဒီ ဘာရယ်တာလဲ"
"ကိုယ့်သားကိုဒီလိုပုံမျိုးလိုမထင်ထားလို့ပါ ဟားး "
"ဘာကိုပြောတာလဲ ဒယ်ဒီ"
"အစကတော့ တို့တွေအားလုံးတိုင်ပင်ပြီးမင်းတို့ကိုစဖို့လေ အာ့အချိန်ယောင်းလေးကကုကီးကို ကျွန်တော်ကာကွယ်နိုင်ပါတယ်ဆိုပြီး ဟီးရိုးလုပ်မယ်ပေါ့ ဒယ်ဒီတို့ကလည်း ယောင်းလေးနဲ့သာဆိုစိတ်ချပါတယ် အာ့လိုလုပ်ဖို့ဇာတ်တိုက်ထားတာကွ ဟားးး"
"ဟာ..ဒယ်ဒီတို့မကောင်းဘူး"
လူကြီးတွေကိုမကောင်းဘူးပြောပြီး ရှက်ရမ်းရမ်းကထွက်သွားတဲ့ခလေး
ဘုတ်!
"အာ့ နာလိုက်တာ အီးဟီး"ရှက်ရှက်နဲ့ထွက်ပြေးလာတာလှေကားမှာခြေချော်ကြတော့တယ်
VOCÊ ESTÁ LENDO
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~