Tae's Mine💚💜part(16)

1.3K 64 6
                                    

ဒီနေ့ဂျယ်ဂျူသွားရမယ့်နေ့ ကိုယ့်မွေးနေ့ဆိုတာကိုမေ့နေတဲ့ လူဆိုးလေးကိုစိတ်ဆိုးမိပေမယ့် အရာအားလုံးရဲ့စတည်ရာ ဂျယ်ဂျူဖြစ်နေတဲ့အတွက် ရင်ခုန်ရပါတယ် ဝမ်းနည်းမှု စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုအားလုံးရဲ့ မှီတည်ရာ ရပ်ဝန်းလေးမဟုတ်လား  ကိုယ်အားလုံးပြင်ဆင်ပြီးချိန်မှာတော့ ခလေးငယ်ကရောက်ရှိလာတယ်
ဧည့်ခန်းမှာထိုင်နေတဲ့ ကိုယ့်ကိုခြေဆုံးခေါင်းဆုံးကြည့်နေတဲ့ လူဆိုးလေးကြောင့် ကိုယ့်မှာမနေတတ်ဖြစ်ရပါသေးတယ်

" ဘာကြည့်နေတာလဲ လူကိုအာ့လောက်ထိ"

"သိပ်လှနေလို့လေ "

အကြည့်ကိုမခွာပဲ ပြောလာတဲ့ကောင်လေးကြောင့် ကိုယ်ပဲခေါင်းငုံ့လိုက်ရပါတယ်

" မသွားတော့ဘူးလား ထယ်"

ခေါင်းငုံ့ပြီး မလှုပ်မယှက်ထိုင်နေတဲ့ ကိုယ့်ကိုရယ်သံနှောပြီးပြောလာပြန်တော့

"အယ်..အယ်မလီရော"

ကိုယ့်မှာအထစ်ထစ်အငေါ့ငေါ့

"သူက ကားထဲမှာ"

"အော်..ဒါဆိုသွားမယ်လေ"

"အမ်! ကားကအယ်မလီမောင်းမှာလား"

ကားထဲမှာဆိုတော့ ကိုယ်ကအိမ်ထဲမဝင်ချင်လို့စောင့်နေတယ်ပဲထင်တာလေ ခုဟာက

"ဘာလို့လဲ ထယ်"

"အားနာစရာကြီးလေကွာ"

"လီလီ. .ဝင်ပြောအုံးလေ ဒီမှာအားနာတယ်လုပ်နေပြီ"

မျက်ခုံးလေးပင့်ကာ ဝင်ပြောခိုင်းနေပုံကဖျစ်ညစ်ပြစ်ချင်စရာ

"ထယ်ယောင်းအိုပါးရယ် လီလီကမောင်းချင်တယ်ဆိုပြီး ပြောထားလို့ပါ "

"အော်.."

"ကဲ ရပြီလား ထယ် တက်တော့"

GPSကိုသာအားကိုးပြီးမောင်းနေတဲ့ အယ်မလီကိုကြည့်ပြီး ကိုယ့်မှာစိတ်မဖြောင့်ပါ ဒီကြားထဲဘေးကလူဆိုးကောင်က အညိမ်မနေပဲ လက်ကိုဖျစ်ညစ်လိုက် ပါးကိုလက်နဲ့လာလာတို့လိုက်လုပ်နေတာကြောင့် ကိုယ့်မှာမနည်းပြန်ဖယ်နေရတယ်

"အဆင်ပြေရဲ့လား လီလီ ကိုယ်မောင်းပေးရမလား"

"Oh! မစိုးရိမ်ပါနဲ့ ထယ်ယောင်းအိုပါးရဲ့ ဟိဟိ"

Tae's Mine (Completed)Where stories live. Discover now