Tae's Mine💚💜part(11)

1.1K 59 2
                                    


နောက်လမှာ ခရီးသွားရတော့မယ်ပြောတဲ့ကောင်လေးက အာ့နေ့ကစပြီးကိုယ်နဲ့လာမတွေ့တော့တာ သူ့အိမ်သွားတော့လည်းမရှိ မနက်ပိုင်းကိုယ်သွားတဲ့အချိန်ဆိုသူကမရှိတော့သလို ညနေအလုပ်ဆင်းချိန်ဝင်ကြည့်လည်းပြန်မရောက်သေးဘူးဆိုတာနဲ့ပဲကြုံနေရတယ် Sundayဆိုရင်တောင်အိမ်မှာမရှိနိုင်လောက်ဘယ်လောက်များ အလုပ်တွေများနေရတာလဲ ခလေးရယ် ခုလာမယ့်Sundayတော့ ကိုယ်အမိအရချိန်းရမယ် လွမ်းလှပြီလေ နို့နံ့ချိုအီအီပိုင်ရှင်လေးကို

ကလင်! ကလင်!

"ဟုတ် ကိုကိုပြောလေ"

ကြားချင်နေတဲ့ အသံလေးကြားလိုက်ရတော့ ရင်ထဲမှာအေးမြလိုက်ရတာ ဒီခလေးက ကိုယ်သင်းနံ့တင်မဟုတ်ဘူး အသံလေးကအစ ချိုမြပြီးစွဲမက်စရာကောင်းတာ

"ကိုကို"

"အင်း..ဒီတစ်ပတ်Sunday အားလား ကိုကိုတို့တွေ့ရအောင်လေ"

" ကျွန်တော် အစည်းဝေးရှိတယ်ကိုကိုရဲ့ပြီးတော့ Monday မနက်စော flight နဲ့ကျွန်တော်သွားရမှာဆိုတော့အဆင်မပြေတော့ဘူး ကိုကိုရာ "

"ဘယ်လို Mondayမနက်အစော flightနဲ့သွားမှာဟုတ်လား ပြောတော့နောက်လမှဆို
ဘာလို့ကြိုမပြောတာလဲ"

ထယ်ယောင်းနည်းနည်းတော့စိတ်ဆိုးမိသွားတယ် ဒီကိစ္စကိုယ့်ကိုပြောပြသင့်တယ်မဟုတ်လား

"sorry ကိုကိုရာ ကျွန်တော်အလုပ်နည်းနည်းများနေလို့ပြောဖို့မေ့သွားတာ"

"မေ့သွားတာ.."
ထယ်ယောင်းသံယောင်လိုက်မိလိုက်တယ် နာလိုက်တာရင်ထဲက ဘာမှမဟုတ်တဲ့ကိစ္စလေးကို ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကိုကိုယ်လည်း အားမရဖြစ်မိတယ် ဒါပေမယ့်စိတ်တွေကိုထိန်းချုပ်ရင်း

"အင်း ခုရောကိုကို နဲ့phပြောဖို့အားရဲ့လား ခလေး"

"အာ! တကယ်တော့ ကျွန်တော်အလုပ်နည်းနည်းများနေတာ ကိုကိုကိုယ်အားနာ.."

"တော်တော့..ခလေးအားနာတယ်လို့ပြောရမယ့်လူတွေထဲမှာကိုကိုမပါဘူး"

တုန်ခါနေတဲ့အသံကို အတတ်နိုင်ဆုံးထိန်းပြီးပြောနေပေမယ့် အဆိုးမရတဲ့ဒီလည်ချောင်းကစို့နင့်ပြီး အဖျားခက်မှာဝေဝါးသွားသေးတာ

"ဒါဆို ကိုကိုphချလိုက်တော့မယ် Mondayကျရင်တော့ ကိုကိုလိုက်ပို့မယ်"

".."
တဖက်ကပြန်ဖြေသံကိုမစောင့် နိုင်တော့ပဲPhချလိုက်မိတယ် ဆက်ပြီးတောင့်မခံနိုင်တော့တဲ့ မျက်ရည်တွေကပါးပြင်ပေါ်တရဟောကျဆင်းလာတယ်

"ခုရက်ပိုင်း ဘာလို့ဆတ်ဆတ်ထိမခံဖြစ်ပြီး အငိုလွယ်နေရတာလဲ ကင်ထယ်ယောင်း"ကိုယ့်ကိုကိုယ် ဒေါသထွက်လွန်းလွန်းအသံကုန်ခြစ်ပြီး အော်မိတော့တယ်
* * *
ဒီနေ့တော့ ထယ်ယောင်းမနက်အစောကြီးထဲကပြင်ဆင်ပြီး ခလေးအိမ်ကိုသွားဖို့ပြင်တော့တယ်

"သားယောင်းလေး ဘယ်သွားမလို့လဲ အစောကြီး"အိမ်ရှေ့ခြံထဲမှာ ပန်းခူးနေတဲ့မေမေကလှမ်းမေးတော့

"ခလေးဆီသွားဖို့လေမေမေ"

"ကုကီးကည flightနဲ့သွားပြီလေသားရဲ့ ညကလာနှုတ်ဆတ်သေးတယ်သားအိပ်နေလို့ မနှိုးပါနဲ့တော့ ဆိုလို့မေမေက.."ဆက်ပြောနေတဲ့ မေမေ စကားသံတွေကို နားမထောင်တော့ပဲ ခလေးအိမ်ဖက်ကိုသာဒုန်းစိုင်းပြေးသွားမိတော့တယ် လူကအသိစိတ်လွတ်နေတဲ့လူလိုအယောင်ယောင်အကန်းကန်း

"ကုကီးရေ ကုကီး ခလေးရေ" အိမ်ရှေ့မှာထဲကအော်ခေါ်ပြီး အိမ်ထဲကိုအပြေးဝင်သွားတော့

"သားယောင်းလေ ..."
"အန်တီ ခလေးရောဟင် ခလေးဘယ်မှာလဲ" အသံတွေကတုန်ကရီနဲ့မျက်ရည်တွေကျပြီးအရူးလိုအိမ်အနှံ့လှည့်ပတ်ကြည့်ပြီးမေးနေမိတာ အမှန်ဆိုဒါထယ်ယောင်းစတိုင်မှ မဟုတ်တာ ခုချိန်မှာကိုယ်ဘယ်လိုပုံစံဆိုတာကိုဂရုမစိုက်တော့ဘူး ခလေးငယ်ကိုတွေ့ရဖို့ကသာအဓိကဖြစ်နေတာ

"သားယောင်းလေး ကုကီးကညထဲကသွားပြီသားရဲ့"

" သွားပြီဟုတ်လားအန်တီ ကျွန်တော်ကိုနှုတ်မဆက်ပဲလေ.."ထယ်ယောင်းပြောနေရင်း ခြေထောက်တွေကခွေယိုင်ချင်လာတယ် လူတကိုယ်လုံးမှာ ရှိတဲ့အားအင်တွေအကုန်လုံးရုတ်လျော့သွားသလို နှလုံးသားကိုအားပြင်းပြင်းနဲ့ဆွဲစုပ်ထားသလို နာကျင်တဲ့ခံစားချက်ကြီး

"သားရယ်.."

ရုပ်ပျက်ဆင်းပျက်ပြိုလဲနေတဲ့ ကိုယ့်ကို ရင်ခွင်ထဲမှာထွေးပွေ့ပြီး ကျောကိုပွတ်ပေးရှာတယ် တစ်ယောက်ထဲရှိတဲ့သားလေး ထွက်သွားလို့အားငယ်နေတဲ့မိခင်ကိုအားပေးရမယ့် အစား ထိုအမျိုးသမီးကကျွန်တော်ကိုပြန်ထွေးပွေ့နေရတယ်
ကိုယ့်ကိုသန်မာလှပါပြီလို့ ထင်ထားတာ အမှန်တော့သိပ်ပျော့ညံ့နေသေးပါလား ဒါကလည်းဒီလူသားနဲ့ပက်သတ်နေလို့ပဲဖြစ်မှာပါ ကိုယ့်အားအင်တွေအားလုံးကိုသူအပိုင်ယူသွားတာ

* နှုတ်မဆက်ပဲသွားတဲ့လူဆိုးကောင် ပြန်လာကြည်​့ ငါ့အကြောင်းသိစေရမယ်*

☁ ချစ်တဲ့One Oo☁

Tae's Mine (Completed)Hikayelerin yaşadığı yer. Şimdi keşfedin