"မာမီရေ သားကျောင်းသွားတော့မယ် အာဘွား"ပါးကိုရွှတ်ခနဲနမ်းပြီ banana milk ဘူးကိုင်ကာပြေးထွက်သွားတဲ့သားငယ်ကိုပြုံးပြုံးကြီးသာကြည့်နေမိတော့တယ်
"ဟေ့ရောင် အသေးလေး အာ့ နာတယ်ဟ"
လူသေးပေမယ့်လက်သန်ပြောင်တဲ့ ဂျီပုလုံးကောင်ပါ
"ငါ့ကိုအသေးလေးမခေါ်နဲ့လို့ပြောထားတယ် လေ ငါမင်းထက်၂လပိုကြီးတယ် အုန်းသီးခေါင်း"
"ထားပါကွာ ဟိုနေ့က မင်းငါ့ကိုပြန်မပို့ပေးပဲဘယ်အလေလိုက်သွားတာလဲ"
*ကျေးဇူးရှင်ကို စော်ကားနေတဲ့အုန်းသီးကောင်ပဲ*
"ဒီမှာ ဂျောင်အုန်းသီးအဲ့ညကမင်းကိုကိုနဲ့မင်းပြွတ်စ်ပြွတ်စ်နေကြလို့ငါရှောင်ပေးနေလိုက်တာ"
"ဟမ် ဘယ်လို ဘယ်လို"
နဂိုထဲကဝိုင်စက်နေတဲ့မျက်လုံးတွေအပြူးသားဖြစ်ခါအံ့သြတကြီးမေးနေတဲ့အုန်းသီးကောင်ဟာ တကယ်သူဘာမှမသိသလို
"မင်းတကယ် မမှတ်မိတာလား ဂျောင်ကု"
"အမ် ငါဇဝေဇဝါဖြစ်နေတာ တကယ်ကြီး နမ်းခဲ့တာပေါ့ကိုကိုနဲ့ငါ"
"အေးဟုတ်တယ် ငါလည်းအတော်အံ့သြသွားတာ မင်းကသာအကိုထယ်ယောင်းကိုကြိုက်နေတာလေ ဟိုက"
"ရား အသေးလေး ကိုကိုကလည်းငါ့ကိုချစ်နေမှာနော် ငါသိတယ်"
သူ့ကိုချစ်နေပါတယ်ဆိုပြီးယုံကြည်ချက်အပြည့်နဲ့ပြောနေတဲ့ငနဲသား
"ဒါနဲ့လေ ငါကနမ်းတာလား ကိုကိုကနမ်းတာလား"
"အမ် မင်း..မင်းပေါ့"
အမှန်တော့ဂျီမင်သေချာမသိလိုက်ပါ ပထမပိုင်းနမ်းနေတာမြင်လိုက်ပေမယ့် နောက်ပိုင်းအာရုံအားလုံးက ငွေရောင်ဆံချည်မျှင်လေးဆီကပ်ပါသွားတာ
"ငါပြန်တော့မယ် ဒီနေ့မင်းပဲအတန်းတက်လိုက်တော့ လစ်ပြီ"
" ဂျောင်ကု နေအုံးလေ မင်းမပါပဲအတန်းမတက်ချင်ပါဘူး အုန်းသီးခေါင်းနေအုံးလို့ "
ဂျောင်ကုလှည့်မကြည့်တော့ပါ ကိုကိုဆီသာဦးတည်ရာဖြစ်နေပြီ
ŞİMDİ OKUDUĞUN
Tae's Mine (Completed)
RomantizmChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~