Intro

14.4K 750 105
                                    


(Unicode)

ခန်းနားစွာ အလှဆင်ထားသည့် မင်္ဂလာခန်းမ။
ဂုဏ်သရေရှိ ဧည့်သည်တော်များ။
နှစ်ဖက်မိဘများ အချင်းချင်းတီးတိုးစကားပြောနေကြသည်။

ခန်းမအရှေ့တွင် ချိတ်ဆွဲထားသည့်
Pre-Wedding ဓာတ်ပုံလေး။
သတို့သား Jeon Jungkook နှင့် Kim Taehyungဆိုသည့် စာတန်းလေးပါပါသေးသည်ပင်။

" အကုန်ဆင်ပြေတယ် မဟုတ်လား..."

" ပြေတယ် သား..."

" အော်ဒါနဲ့...သမက်လောင်း လေးကိုသွားခေါ်ဖို့လုပ်လိုက်အုံးလေ...မကြာခင် မင်္ဂလာပွဲလေးက စတော့မှာ..."

Mrs.Jeon မှ Jungkook ကို တိုးတိုးလေးပြောလေသည်။

" ရန်မဖြစ်နဲ့အုံးနော်..."

" သူ့ဘက်ကရန်မစရင်တော့ မဖြစ်ပါဘူး..."

Jungkook Taehyung အဝတ်လဲခန်းလေးထဲဝင်သွားခဲ့သည်။

" ပွဲစတော့မယ်..."

မှန်အရှေ့ထိုင်ကာ ငိုနေသည့် Taehyung...

" ငိုစရာရှိနေလို့လား..."

" ငိုစရာရှိလို့ ငိုနေတာလေ မမြင်ဘူးလား...ကန်းနေလား..."

Taehyung မျက်ရည်တွေရော နှာရည်တွေ ကျနေသည်အထိရှိုက်ကြီးတငင်ငိုနေသည်။

မဲ့ပြုံးပြုံးလိုက်ရင်း လက်ကိုင်ပုဝါလေးထုတ်ပေးသည့် Jungkook...

" ချာတိတ်မင်းအခုလို စုတ်စုတ်ပျက်ပျက်ပုံစံနဲ့
ငါနဲ့မင်္ဂလာဆောင်မယ်လို့တွေးနေတာလား..."

" ဖယ်စမ်းပါ..."

Taehyung Jungkook ပေးသည့် လက်ကိုင်ပုဝါလေးကို တွန်းထုတ်လိုက်သည်။
နောက်တော့မှန်တင်ခုံပေါ်မှတစ်သျှူးကိုယူကာ မျက်ရည်တွေကို သုတ်လိုက်သည်။

Taehyung Jungkook ကိုကြည့်လိုက်ရင်း..

" ကျက်သရေတုံးလိုက်တာ..."

" ဘာပြောတယ်..."

" ဒီမင်္ဂလာပွဲက ငါ့အတွက် ကျက်သရေတုံးတယ် သိလား..."

" အဲ့လောက်မငိုနဲ့...မင်္ဂလာဦးညတောင်မရောက်သေးဘူး...အင်အားတွေကုန်လိမ့််မယ်..."

" နှာဗူး အုန်းသီး..."

" ဘာ!..."

ပြောင်ပြနေသည့် Taehyung ကို
Jungkook စိတ်မရှည်တော့ကာ ပွေ့ချီရင်းမင်္ဂလာခန်းမထဲဝင်လာခဲ့သည်။

Sweetie,Baby,Candy(Completed) Where stories live. Discover now