Part-8

6.8K 463 46
                                    

(Unicode)

Jungkook ရင်ခွင်ကျယ်ကြီးထဲ တရှူးရှူးနှင့်အိပ်ပျော်နေသည့် Taehyung...
နတ်ပြည်ရောက်နေသည်ဟုထင်မှတ်နေသည်။

"မက်မွန်သီး...မက်မွန်သီး...မက်မွန်သီး..."

အိမ်မက်ယောင်ကာ တင်ပါးလုံးလေးကိုဖျစ်ညစ်ထားသည်။

" မက်မွန်သီး...လက်ထပ်ပွဲ..."

အိပ်နေရာမှချက်ချင်းထထိုင်တော့သည်။

" လက်ထပ်ပွဲ!..."

ပြတင်းပေါက်မှန်ကို ကြည့်မိတော့နေ့မြင့်ချိန်ရောက်နေသည့်ပုံ။
ဘေးကအိပ်မောကျနေသည်က Baby လေး။

သေလိုက်ပါတော့။ဒီနေ့ မင်္ဂလာဆောင်ရမဲ့နေကြီး။အချိန်တွေနောက်ကျနေပြီ။
မနေ့ညက အရှိန်တွေကြောင့်ပင်ပန်းပြီးအိပ်ပျော်သွားတာ။

အဝတ်အစားတွေအမြန်ကောက်ဝတ်ကာ...

" Baby...Baby...ထတော့..."

တုပ်တုပ်ပင်မလှုပ်တဲ့ကျနော့်ရဲ့Babyလေး။
ဒီနေ့ကို နှစ်ယောက်လုံးအိပ်ပျော်သွားရင်
ပျက်တော့မှာသေချာတယ်။

Jungkook မျက်လုံးတွေက မက်မွန်သီးလေးစီမှာပင်။တံတွေးပင်မြိုချလိုက်သည်။

ဖြန်း!...

လက်ဝါးရာလေးတွေရှိနေသေးသည့် တင်ပါးလုံးလေးကို ဖြန်းခနဲရိုက်လိုက်သည်။

" ရား!..."

တင်ပါးလေးကို ကိုက်ကာအော်နေသည်။

" ဘာလုပ်တာလဲ..."

" အသည်းယားလို့..."

" နှာဘူးကြီး... "

စူပုတ်ပုတ်လေးလုပ်ကာငုတ်တုတ်လေးထိုင်သည်။
Taehyung Jungkook ကိုကြည့်ကာတစ်ခုခုကို
သတိရသွားခဲ့သည်။

" လက်ထပ်ပွဲ!..."

" ဟုတ်တယ်...မြန်မြန်အဝတ်အစားလဲတော့ ကိုကိုတို့နောက်ကျနေပြီ..."

" ဒုက္ခပဲ အဲ့တာကိုကိုကြောင့်သိလား..."

" Baby ပဲ ညကနောက်တစ်ခါနောက်တခါဆိုပြီးပြောနေပြီတော့..."

" ကိုကိုနော် ဘာတွေပြောနေတာလဲ..."

Taehyung မျက်နှာလေးကရဲခနဲဖြစ်သွားလေသည်။

Sweetie,Baby,Candy(Completed) Where stories live. Discover now