Part-16

4.9K 322 20
                                    

(Unicode)

" အားးးးးး......ကိုကို​အုန်းသီးကောင်....နာလို့သေတော့မယ်...အီးဟီး......"

" ခနလေးပါ Baby ရယ်..."

" အဲ့တာ့ကိုကို့ကြောင့်.....ဗြဲ.....Omma ရေ......"

Taehyung ကလေးမွေးခါနီး ဗိုက်နာနေတာကြောင့် အော်ငိုနေတာပင်။
ဒီကြားထဲ Jungkook ရဲ့ဆံပင်ကိုပါ အားနဲ့ဆွဲထားသည်။

" မငိုပါနဲ့ Baby ရယ်...."

"မငိုပဲနေလို့ရမလား သေလောက်အောင်နာနေတာကို...."

ငိုယိုရင်း ခွဲစိတ်ခန်းထဲ ဝင်သွားခဲ့သည့် Taehyung သေလောက်အောင််နာကျင်နေသည်။

ခွဲခန်းအပြင် ကြည့်နေခဲ့သည်က Jungkook ပင်။

စိတ်မကောင်းဖြစ်မိသည်။ကျနော့်ရဲ့ Baby လေးက ဘယ်လောက်တောင်နာကျင်နေမလဲတွေး
ကြည့်ရင်ကို ကြက်သီးပါထမိသည်။

ကမ္ဘာပေါ်မှာ အနာကျင်ဆုံးအနာက ကလေးတစ်ယောက်မွေးထုတ်ရသည့်အနာက အဆိုးဆုံးပင်။
ခန္ဓာကိုယ်မှ အရိုးတွေအကုန်ရိုးသွားသည်ထက်ကို နာကျင်ရသည်။

ဆုတောင်းနေမိတယ်။ ကျနော့်အတွက် Baby က
ကိုးလလုံး အပင်ပန်းခံပြီး ကိုယ်ဝန်ဆောင်ခဲ့ပေးသည်။ဒါကလည်း ကျနော့်ကို ချစ်တာကြောင့်ပင်။
မကြာခင် အချိန်ကလေး တစ်ခုအတွင်းမှာ ကျနော်မိသားစုလေးတစ်ခု ပိုင်ဆိုင်ရတော့မည်။

Jungkook တောက်တုံ့ခေါက်ပြန် ခွဲခန်းရှေ့လမ်းလျှောက်နေခဲ့သည်။

မိဘတွေက စိတ်အေးအေးထားဖို့ပြောပေးမဲ့လည်း မရခဲ့။သူ့ Baby လေးကိုသာစိတ်ပူရင်း
ငိုနေသည်။
စိတ်လှုပ်ရှားနေတာကလည်း ပါနေသည်ပင်။

ခနအကြာ ခွဲခန်းထဲမှ  ကလေးငိုသံလေးတွေက
ထွက်လို့လာခဲ့သည်။
ပိုတိုးလို့ ရင်တွေတုန်လာသည်။

ခွဲမီးလေး စိမ်းသွားပြီးအကြာ ဆရာဝန်ထွက်လာခဲ့သည်။

" ဆရာ...ကျနော့်အမျိုးသားရော...ဘေးကင်းတယ်မဟုတ်လား..."

Jungkookအရင်ဆုံးမေးမိသည့်က သူ့ရဲ့အသဲအသက်ကိုပင်။

" ဘေးကင်းပါတယ်...ခွဲစိတ်တာအခက်မယအခဲမရှိခဲ့ပါဘူး ခင်ဗျာ..."

Sweetie,Baby,Candy(Completed) Where stories live. Discover now