Part-15

5.4K 341 34
                                    

(Unicode)

အိမ်ထောင်တစ်ခုထူထောင်ခြင်းဆိုသည်က
တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေထားနိုင်မှ ရမည်။
တခါတစ်ရံ အချင်းများတာတွေရှိနေပေမဲ့လည်း
ချစ်ခြင်းတရားနဲ့ထူထောင်ထားသည့် အိမ်ထောင်ရေးလေးဖြစ်တာကြောင့် ခွင့်လွတ်ပေးတတ်ကြသည်။

ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားသည့် စာအုပ်လေးတွေကို Taehyung ကိုယ်ဝန်ရှိပြီဆိုတာနှင့် Jungkook တနေကုန်ထိုင်ဖတ်လေတော့သည်။ကုမ္ပဏီကိုလည်း မသွားချေ။
ရံဖန်ရံခါသာ သွားတတ်သည်။

စာအုပ်တွေကိုလည်း အကုန်​ဆိုင်ကနေဝယ်ချလာလေခြင်း။အသုံးလိုတာမလိုတာတွေကို ဂရုမစိုက်။ ကိုယ်ဝန်ဆောင်ဆိုတဲ့စာလုံးမြင်တာနဲ့ကို ဝယ်နေတာပင်။

ယုန်ဖေဖေကြီးဖြစ်တော့မှကို ပျော်နေသည့်
ယုန်ဖြူကြီး။
သူ့ရဲ့အချိုတွင်းလေးကို သည်းသည်းလှုပ်လှုပ်ဖြစ်နေခဲ့သည်။

Taehyung Jungkook ကြည့်ကြာ ပွစိပွစိလုပ်နေသည်။အကြောင်းက စာအုပ်တွေသာဖတ်နေတာကြောင့်ပင်။

ယုန်ဖြူကြီးလူကို ဂရုကိုမစိုက်ဘူး။အားရင်စာအုပ်ပဲ ဖတ်နေတယ်။
ဟွန့် ဒီကဖြင့် သူရဲ့ယုန်ပေါက်စတွေကို ဗိုက်ထဲလွယ်ပေးထားရတာကို တစ်ယောက်တည်းတောင် လေးမြွှာပူးတောင်။
တွေ့မယ်။စာအုပ်မဖတ်အားအောင်ကို ခိုင်းပစ်မယ်။

ဧည့်ခန်းထဲ Taehyung က ဟာသရုပ်ရဖျင်ကြည့်နေသော်လည်း Jungkook ကတော့ Taehyung ရဲ့ ခြေထောက်လေးနှိပ်ပေးကာ စာအုပ်တွေဖတ်နေလေသည်။

" ကိုကို..."

" ဗျာ..."

" Baby ရေသောက်ချင်တယ်..."

" ရစေရမယ်...ခနလေးသာစောင့်...."

ချက်ချင်းထကာ မီးဖိုခန်းထဲ ပြေးသွားသည့် Jungkook...

Sweetie baby candy လေးရဲ့ပြောလိုက်တာနဲ့ချက်ချင်းကို မငြီးငြူဘဲ ထလုပ်ပေးလေသည်။

" ကိုကိုရေ...ကြာလိုက်တယ်ကွာ..."

ဧည့်ခန်းထဲ မှ လှမ်းအော်လိုက်တော့...

" လာပြီ Baby..."

ရေခွက်လေးယူကာ အပြေးရောက်လာလေသည်။

" ရပြီ Baby... "

Sweetie,Baby,Candy(Completed) Where stories live. Discover now