Part-12

4.9K 373 51
                                    

(Unicode)

" ဘာ!..."

အလန့်တကြားဖြစ်သွားသည့် Taehyung...
ဧည့်ခန်းအတွင်းမှ မိဘတွေပင် လန့်သွားခဲ့သည်။

" Omma မဖြစ်နိုင်တာတွေမပြောနဲ့နော်... "

" ဘာကိုမဖြစ်နိုင်ရမှာလဲ သားရယ်...တိုးတက်နေတဲ့ ခေတ်ကြီးပဲကိုကွယ်..."

" မရဘူးနော်...မဖြစ်ဘူး...လုံးဝကို မဖြစ်ဘူး...
ကျနော်လက်မခံနိုင်ဘူး..."

" သားရယ်..."

မိဘတွေအကုန် Taehyung ရဲ့စကားကြောင့်
မျက်နှာငယ်လေးတွေဖြစ်သွားကြသည်။
အကြောင်းက ကိုယ်ဝန်ဆောင်ဖို့အတွက်ပြောနေကြတာပင်။

ဒါကိုTaehyung ကလက်ခံဘဲ ဘူးသာခံနေခဲ့သည်။ယောက်ျားလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ဖို့ခက်သည်ကို ကြောက်ရွံနေသည့်အပြင် ကလေးမွေးဖို့အတွင် ယုံကြည်ချက်မရှိတာကြောင့်​ဖြစ်သည်။

Taehyung Jungkook အနားကပ်ကာ...

" ကိုကို...လုပ်ပါအုံး...Baby ကိုယ်ဝန်မဆောင်ချင်ဘူး..."

ခေါင်းလေးတခါခါဖြင့် နှုတ်ခမ်းလေးစူပုတ်ပုတ်လုပ်နေသည့် Taehyung...

မျက်နှာငယ်လေးလုပ်ကာ စစ်ကူတောင်းတော့
Jungkook အရည်ပျော်ရပြန်သည်။

" Baby ကမမွေးချင်တာကို Omma တို့ကလည်း
ဗျာ...အတင်းတွေပဲ..."

" ဟုတ််တယ်...ကိုကိုပြော..."

Baby စိတ်တိုင်းကျသာ ဝင်ကာပြောပေးရတော့သည်။မဟုတ်ရင် ဂျစ်တူးလေးက ရစ်တော့မည်လေ။
အမှန်ဆို ကျနော်လည်း ပိစိလေးတွေလိုချင်နေတာပင်။
ကျနော့် Baby ကိုယ်ပွားလေးတွေနဲ့အတူပျော်ရွှင်သည့် မိသားစုဘဝလေးတစ်ခု ထူထောင်ချင်သည်။သို့သော် Baby နာကျင်မှာ အသက်အန္တာရယ် စိုးရိမ်ရမှာကိုတော့ကြောက်မိသည်။

" ကျနော်နောက်ဆုံးအကြိမ်ထပ်ပြောမယ်...
Omma တို့ Baby ကို ကိုယ်ဝန်ဆောင််ဖို့ကိစ္စထပ်မပြောပါနဲ့..."

" မဟုတ်တာကွယ်... Omma တို့လည်း အသက်ကြီးနေပြီလေ...ကိုယ့်ရဲ့မြေးဦးတော့ ချီချင်တာပေါ့..."

" Babyအတွက် အန္တာရာယ်ရှိတဲ့ကိစ္စကို ကျနော် လွယ်လွယ်ကူကူ ခွင့်မပြုနိုင်ဘူး..."

Sweetie,Baby,Candy(Completed) Where stories live. Discover now