Part-1

9.2K 697 85
                                    


(Unicode)

ကျယ်ပြန့်လွန်းတဲ့ ခြံဝန်းကြီး။နေရောင်ဖျော့ဖျော့လေးတွေက စိမ်းစိုနေပြီးသပ်ရပ်စွာပေါင်းသင်ထားသည့် မြက်ခင်းလေးတွေနှင့် သစ်ပင်၊ပန်းပင်
လေးများပေါ်ဖြန့်ကျက်နေသည်။

ခြံအတွင်းထဲတွင်ကအေးချမ်းမှုရှိပေမဲ့
အိမ်ကြီးအတွင်းတွင်တော့ မိဘတွေကိုယ်စီအလုပ်သွား၍အိမ်ထဲ အလုပ်သမားတွေနဲ့အတူ မောင်နှမနှစ်ယောက်သာ ကျန်ခဲ့သည်။
ထိုမောင်နှမနှစ်ယောက်ကလည်းမတည့်အတူနေဆိုသည့်အတိုင်း တွေ့ရင်ရန်ဖြစ်တာက ခပ်များများပင်။

ပွင့်ဟနေသည့်အိပ်ခန်းတံခါးလေးကိုတွန်းကာ...

" Kim Taehyung...မောင်လေး..."

" ဘာလဲဗျာ...မအားရတဲ့ကြားထဲ ဘာလဲပြော..."

ဂိမ်းကိုသဲကြီးမဲကြီးဆော့နေသည့် Taehyung
အမဖြစ်သူခေါ်သံကိုတောင် စိတ်ရှုပ်နေသည်။

" ဟဲ့...ပြောစရာရှိလို့ခေါ်တာပေါ့..."

" ပြောပြော..."

အမဖြစ်သူက Taehyung ဘေးနား လက်ပိုက်ကာ ရပ်လိုက်ရင်း...

" ဟိုတလောက မောင်လေးလိုချင်နေတဲ့
Gucci အိတ်လေး မမ ဝယ်ပေးရမလား..."

Gucci ဆိုတဲ့အသံကြားတာနဲ့ ချက်ချင်း
မျက်လုံးလေးက အရောင်တောက်သွားကာ
ဂိမ်းဆော့နေသည်ကိုတောင်ချက်ချင်းရပ်ပစ်လိုက်သည့် Taehyung...

" တကယ်လား...တကယ်လား...တကယ်ဝယ်ပေးမှာလား..."

Taehyung သူ့အမလက်ကို ဆွဲရမ်းကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ချွဲနေသည်။

" ဖြည်းဖြည်းလုပ်စမ်းပါ...လက်တွေလည်းပြုတ်ထွက်တော့မယ်... "

" တကယ်ဝယ်ပေးမှာလားလို့..."

" ဝယ်ပေးမယ်...ဒါပေမဲ့ တစ်ခုတော့ရှိတယ်..."

" Nani? Nani?..."

" နင် Anime တွေကြည့်ပြီးငါ့ကိုဂျပန်လိုတွေလာမပြောနဲ့နော်..."

ဟွန့် သူနားမလည်တိုင်း သူများကို အပြစ်တင်နေတယ်။
ဘာပဲဖြစ်ဖြစ် Gucci အိတ်ဝယ်ပေးအောင်ချွဲတော့ချွဲရမယ်။
စိတ်ထိန်းKim Taehyung...

Sweetie,Baby,Candy(Completed) Where stories live. Discover now