Part-2

7.3K 591 66
                                    

(Unicode)

ဒိတ်လုပ်ပြီး အိမ်တန်းမပြန်ဘဲ တနေကုန်သူငယ်ချင်းတွေနှင့်လျှောက်လည်နေသည်။
ညခုနှစ်နာရီလောက်မှTaehyungကားကိုအရှိန်နဲ့မောင်းလာရင်း တောက်တခေါက်ခေါက်နှင့် ဒေါသတွေဖြစ်နေသည်။

Kim Ji Hyung... Kim Ji Hyung တော်တော် မွှေတဲ့ အမတော်။
တွေ့မယ်။အိမ်ရောက်လို့ကတော့ အမှုန့်ကြိတ်ပစ််မယ်။ပြီးရင် ဟန်မြစ်ထဲ မျှောပစ်မယ်။
Omma Appa နဲ့လည်း တိုင်ပြောရမယ်။
ဒီနေ့ဒိတ်ကို ကျွန်တော့်ကို လွှတ်တယ်ဆိုပြီး
အချွန်နဲ့မ ပြမယ်ကြည့်နေ။

ဟိုEX နဲ့လည်း တွေ့လိုက်ရတယ်။ကျနော့်
ရဲ့ရန်သူတော်။တွေ့တာနဲ့ ရန်က အရင်ဖြစ်ကြတာ။
ကျောင်းတုန်း ချစ်သူဘယ်လိုဖြစ်သွားလဲဆိုတာကို အခုထိစဥ်းစားလို့ကိုမရသေး။

အိမ်နားရောက်ခါနီးလမ်းဆုံဖြစ်တာကြောင့် အရှိန်လေးလျော့ကာကွေ့လိုက်သည်။

ခြံအရှေ့မှာ ကားနှစ်စီးနီးပါး ရပ်ထားသည်ကို တွေ့ရလိုက်တော့...

" ဘယ်သူတွေပါလိမ့်...ဒီအချိန်ကြီးကို..."

Taehyung ကားလေးကိုရပ်လိုက်ရင်းခြံထဲကိုဝင်သွားလိုက်သည်။
အိမ်ထဲမှရယ်သံတွေက ခြံထဲထိပျံ့လွှင့်နေသည်။

တော်တော်ကိုပျော်နေပုံပဲ။အိမ်မှာ ဘာပွဲရှိနေတာလဲ။
ကျနော် တိတ်တိတ်လေးအိမ်ထဲကို ချောင်း
ကြည့်မိတယ်။ ဒါကဘာတွေလဲ။
Omma Appa နဲ့အတူ ဧည့်ခန်းမှာ လူကြီးတွေရောက်နေတယ်။

Kim Ji Hyung ဘေးနားမှာ အမျိုးသားတစ်ယောက်ထိုင်နေသည်ကို Taehyung တွေ့လိုက်ရသည်။

အမလေး ငါ့အမနားကိုများကပ်နေသေးတယ်။
ဒင်းကိုဒင်းဘယ်သူထင်နေသတုန်း။

Taehyung အိမ်ထဲမဝင်သေးဘဲ ချောင်းနေတုန်း
အိမ်တံခါးကို လက်ထောက်ထားကာ
တွန်းသလိုဖြစ်ပြီး အိမ်ထဲ ဟပ်ထိုးဝင်သွားသည်။

" အမလေး!..."

ကြမ်းပြင်ပေါ် မောက်လျက်ဖြစ်ကျသွားတော့...

" မောင်လေး!..."

Ji Hyung က စိတ်ပူတကြီးခေါ်လိုက်သည်။
Taehyung ရှက်ရှက်နဲ့ အမြန်ထကာ
ဧည့်ခန်းထဲမှ လူကြီးတွေအနားသွားလိုက်သည်။

Sweetie,Baby,Candy(Completed) Donde viven las historias. Descúbrelo ahora