Part-7

6.4K 473 47
                                    

(Unicode)

မင်္ဂလာပွဲမတိုင်ခင်မှီတစ်ရက်အလို...

Taehyung သူ့သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး
လျှောက်လည်နေခဲ့သည်။
ကုန်တိုက်တစ်ခုမှ အထွက် လူတစ်ယောက်နှင့်
ဝင်တိုက်မိသွားခဲ့သည်။

" ဆော်ရီး..."

တောင်းပန်ပြီး ထွက်မည်အလုပ် လက်ကို ဖမ်းဆွဲ
ခြင်းခံလိုက်ရသည်။

" ဘာလုပ်တာလဲ..."

" Kim Taehyung..."

" မင်း..."

တွေ့လိုက်ရသူကြောင့် Taehyung ပါးစပ်အဟောင်းသားလေးဖြစ်သွားခဲ့သည်။
ဒီကျက်သရေတုန်းကောင်ကတော့လေ။

" Min Dooshi..."

" ဒီလိုပြန်တွေ့ရမယ်လို့မထင်ထားဘူး..."

" ငါလည်း မထင်ဘူး..."

လှည့်ထွက်မည်လုပ်တော့...

" ခနလောက်စကားပြောလို့ရမလား..."

" ငါအချိန်မရှိဘူး..."

" ခန...ခနလေးပါပဲ...Taehyung shii ကို စကားလေးခနပဲပြောချင်လို့ပါ..."

" ဘာ​ပြောစရာရှိလို့လဲ..."

" အချိန်လေး ငါးမိနစ်ပဲပေးပါ..."

တကယ်ကိုငစားပဲ။ဘာတွေထပ်ရှုပ်အုံးမလဲမသိ။
အိမ်ကိုစောစောပြန်မလို့ပါဆို။
ငါးမိနစ်လောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးလေ။

" ကောင်းပြီလေ ငါးမိနစ်ပဲနော်..."

" ဟုတ်ကဲ့..."

Min Dooshi မျက်နှာလေးက ချက်ချင်းပြုံးပျော်သွားခဲ့သည်။

နီးစပ်ရာ ကော်ဖီဆိုင်လေးတွင် Taehyung တို့ထိုင်ဖြစ်ကြသည်။

" ဘာသောက်မှာလဲ..."

" ရပါတယ်...Taehyung အဆင်ပြေတာသာမှာလိုက်ပါ..."

" အေး..."

Taehyung အအေးသွားမှာနေတုန်း Dooshi တစ်ယောက်တည်းစားပွဲဝိုင်းတွင်ကျန်နေခဲ့သည်။

မင်္ဂလာဆောင်ပျက်မယ်။မပျက်ပျက်အောက်ကို ငါက ဖျက်ပေးမယ်။
အစကတည်းက Kim Taehyung မင်း​က ငါ့အပိုင်ဖြစ်ရမှာ။ဒါကိုJeon Jungkookက ဖြတ်လုသွားခဲ့တာ။

အိတ်လေးအတွင်းမှစိတ်ကြွဆေးဗူးလေးထုတ်လိုက်ရင်း ဆေးလေးတစ်လုံးကို ယူထားလိုက်သည်။မကောင်းတဲ့အကြံတွေနဲ့ပင်။

Sweetie,Baby,Candy(Completed) Where stories live. Discover now