Part-9

6.1K 426 45
                                    

(Unicode)

တက္ကသိုလ်ကျောင်းသားဘဝတွင် မင်္ဂလာပွဲလေး
စီမံခြင်းခံခဲ့ရသည်။
ချစ်ရသူနဲ့ပေမဲ့ လက်မထပ်ချင်ခဲ့ချေ။
Min Dooshi နဲ့ဖြစ်ချင်တိုင်းဖြစ်ခဲ့တာလေ။

ခန်းနားစွာ အလှဆင်ထားသည့် မင်္ဂလာခန်းမ
ဂုဏ်သရေရှိ ဧည့်သည်တော်များ။
နှစ်ဖက်မိဘများ အချင်းချင်းတီးတိုးစကားပြောနေကြသည်။

ခန်းမအရှေ့တွင် ချိတ်တွဲထားသည့်
Pre-Wedding ဓာတ်ပုံလေး။
သတို့သား JeonJungkok နှင့် Kim Taehyung
ဆိုသည့် စာတန်းလေးပါပါသေးသည်ပင်။

Jungkook စိတ်တွေရှုပ်ထွေးနေလျက်။
ကျနော့်ရဲ့ သတို့သားလေးက လက်ထပ်ဖို့အတွက်ကို ခါးခါးသီးသီးဖြစ်နေခဲ့သည်လေ။
ဘယ်လိုရှေ့ဆက်ရတော့မလဲ။

ကျောင်းမပြီးသေးသည့် Taehyung ကို
Jungkook လက်မလွှတ်ချင်တာကြောင့်
လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တာပင်။

" Omma..."

ခန်းမအရှေ့မှ အမေဖြစ်သူက မျက်နှာသိပ်မကောင်းပေ။
လူကြီးတွေကလည်း အခြေအနေကိုသိနေတော့ ပိုဆိုးသည်။

" အကုန်ဆင်ပြေမဟုတ်လား..."

" ပြေတယ် သား..."

Jungkook သက်ပြင်းလေးချလိုက်ကာ ရပ်နေသည်။အတွေးတွေနဲ့ပင်။
အမေဖြစ်သူရဲ့ မျက်နှာကို အရိပ်တကြည့်ကြည့်ဖြစ်နေသည်။
လက်ထပ်ပွဲကို Taehyung ကအတင်းငြင်းဆန်ထားတာကြောင့်ပင်။

" Omma...အဆင်ပြေမှာပါ စိတ်အရမ်းမပူပါနဲ့..."

" အေးပါကွယ်..."

ပြုံးပြသော်လည်း မျက်နှာမှ စိုးရိမ်မှုတွေကိုအထင်းသားမြင်နေရသေးသည်။

" အော်ဒါနဲ့...သမက်လောင်း လေးကိုသွားခေါ်ဖို့လုပ်လိုက်အုံးလေ...မကြာခင် မင်္ဂလာပွဲလေးက စတော့မှာ..."

" ဟုတ်ကဲ့ Omma... "

လှည်ထွက်မည်အလုပ်...

" သားခန..."

Mrs.Jeon မှ Jungkook ကို တိုးတိုးလေးကပ်ပြောလေသည်။

" ရန်မဖြစ်နဲ့အုံးနော်..."

မဲ့ခနပြုံးလိုက်ရင်း...

" သူဘက်ကရန်မစရင်တော့ မဖြစ်ပါဘူး..."

Sweetie,Baby,Candy(Completed) Where stories live. Discover now