Part-14

5.3K 402 97
                                    

(Unicode)

" ကိုယ်ဝန်?..."

" ဟုတ်ပါတယ်...ဂုဏ်ပြုပါတယ် ဗျာ..."

" တစ်ပတ်?..."

" ဟုတ်တယ် ခင်ဗျာ့...နောက်ပြီးတော့ လေးမြွှာပူးပါ..."

" လေး....လေး....လေးမြွှာပူး..."

Taehyung ကြားလိုက်ရသည့်စကားလေးကိုမယုံနိုင်အောင်ကို ဖြစ်နေခဲ့သည်။

ကိုယ်ဝန်တဲ့။တစ်ပတ်တဲ့။ကျနော့် ဗိုက်ထဲပိစိလေးရှိနေပြီပေါ့။နောက်ပြီးတော့ တစ်ယေညက်တည်းမဟုတ်ဘဲ လေးမြွှာပူး။
လုံးဝကိုမယုံနိုင်စရာ ကိစ္စတစ်ခု။ကြည်နူးပီတိတို့ကဖြစ်လာခဲ့သည်။

ဒါပေမဲ့ဘယ်လိုလုပ်ပြီးလေးမြွှာပူး ကိုယ်ဝန်ရသွားခဲ့တာလဲ။

(A/N:ယုန်စာကျွေးတာများသွားလို့ပါ အချိုတွင်းလေးရယ်)

ဆရာဝန်ကို မေးခွန်းပေါင်းများစွာနဲ့ ကြည့်လိုက်ရင်း...

" ဆရာ...ကျနော်က ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ဆောင်နိုင်ရတာလဲ..."

" ​အော်...အဲ့ဒါကလေမွေးရာပါ သားအိမ်ပါနေတာရယ်...ဒီကြားထဲဆေးတွေသောက်ထားတာကြောင့် ကိုယ်ဝန်ရသွားတာပါ..."

" ဆေးတွေ...မဟုတ်မှ အားဆေးတွေလားဆရာ..."

ကျနော် ဆရာဝန်ကိုမေးလိုက်တော့ ရယ်ကာ...

" အားဆေးတွေမဟုတ်ပါဘူး...Taehyung Shii ပြောတဲ့ ဆေးနာမည်တွေက ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သောက်ရတဲ့ဆေးတွေပါ...ပြောရမယ်ဆို သားအိမ်အားကောင်းပြီး ကိုယ်ဝန်လွယ်ဖို့အတွက်လွယ်ကူအောင်အတွက်ပေါ့... "

" ခင်ဗျာ..."

လက်စသတ်တော့ Omma တို့ကအားဆေးဆိုပြီး ညာပြီးတိုက်တာပေါ့လေ။

" စိတ်မပူပါနဲ့...ဒီက အမျိုးသားကလည်း ပိုဂရုစိုက်ပေးပေါ့ဗျာ..."

Yoongi ကို Taehyung ရဲ့အမျိုးသားအထင်နဲ့
ဆရာဝန်မှ မှားပြောနေခဲ့သည်။
ဒါကို Yoongi က သတိထားခဲ့။ဘာလို့ဆို အခန်းထောင့်မှာ မတ်တပ်ရပ်ကာ ငိုက်နေတာကြောင့်ပင်။

" ဆရာ...အဲ့တာက ကျတော့်အမျိုးသားမဟုတ်ဘူး... "

" ဆော်ရီး...ဆရာက အတူလာတော့ အမျိုးသားထင်သွားတာ..."

Sweetie,Baby,Candy(Completed) Where stories live. Discover now