Part-6

6.6K 506 90
                                    

(Unicode)

တနေကုန် ကိုကို ကိုကိုနှင့်ကပ်ချွဲကာ လက်ထဲရှော့ပင်းထွက်ထားသမျှ အထုတ်တွေ
ပွေ့တစ်ပိုက်နှင့်အိမ်ပြန်လာခဲ့သည့် Taehyung...

အထုတ်တွေက Jungkook စီတွင်လည်းတစ်ဝက်ရှိနေသေးသည်။

ဧည့်ခန်းကိုရောက်တာနှင့် အထုတ်တွေကို ချကာ
ဆိုဖာပေါ် ခြေကားယားလက်ကားယား ထိုင်ချလိုက်တော့သည်။

မိဘတွေပါရှိနေတာကြောင့် Jungkook Taehyung ကို မျက်နှာအရိပ်အကဲပြကာ သေထျာထိုင်ခိုင်းနေသည်။

" ဘာလဲ..."

ဂရုမစိုက်သည့် ပုံစံဖြင့်မေးငေါ့ပြလိုက်တော့...

" သေချာထိုင်လေ Baby..."

" ညောင်းနေတယ်လို့... "

" Baby..."

Taehyung စူပုတ်ပုတ်လေး လုပ်ကာ သေချာထိုင်လိုက်ပေမဲ့ခြေထောက်ကို တင်ထားကာ ကိုယ်တိုင် နှိပ်နေသည်။

" လူကြီးချင်းကပြေလည်ပြီးသာဆိုတော့သိပ်​ပြောစရာမရှိပါဘူး...အခုဆို
ကလေးတွေလည်း အချင်းချင်းပြေလည်သလောက်ရှိနေပြီဆိုတော့..."

" နောက်နှစ်ရက်နေရင် လက်ထပ်ပွဲလေးလုပ်ပေးလိုက်ကြရအောင်လား...မြန်မြန်စီစဥ်ပေးလိုက်တာ အဆင်​ပြေမယ်..."

" ဒါပေါ့ရှင်..."

Taehyung လူကြီးတွေတေပြာနေသည့် စကားတွေကိုသာ ငြိမ်ငြိမ်လေးနားထောင်နေသည်။

လက်မထပ်ဘူးပြောရင်လည်း ရမှာမဟုတ်။
EX ရန်သူကြီးကလည်း Sugar Daddy ကြီးဖြစ်နေပြီဆိုတော့လည်း ငြင်းစရာတော့မရှိပါဘူး။
အဲ့တာထက် အုန်းသီးလုံးကို တခြားသူလက်ထဲအပါမခံနိုင်ဘူး။
အစကတည်းက အုန်းသီးလုံးလေး Jeon Jungkook က တင်ပါးလုံး Kim Taehyung အတွက်ပဲ။
အခုဆို Min Dooshi ရန်ကလည်း ရှိသေးတော့
မြန်မြန်လက်ထပ်တာအကောင်းဆုံးပဲ။
ရန်ဖြစ်ချင်လည်း ယူပြီးမှအသေသတ်ကြတာပေါ့။

" ဒါနဲ့ သားတို့ရဲ့သဘောထားကရော..."

" ကျနော်က အခုလက်ထပ်ဆိုရင်တောင်ချက်ချင်းလက်ထပ်ဖို့အသင့်ပါပဲ..."

Jungkook ထံမှတက်ကြွတဲ့အဖြေတစ်ခု...

" ဒါဆို သားလေး Taehyung ကရော..."

Sweetie,Baby,Candy(Completed) Where stories live. Discover now