Part-13

4.9K 373 32
                                    

(Unicode)

လမ်းမလေးရဲ့ ပလက်ဖောင်းထက်
ငုတ်တုတ်လေးထိုင်ကာ ငိုနေသည့် Taehyung...

သူငယ်ချင်းတွေစီသွားကာ ခနနေလို့ရမလားဟု
အကူအညီတောင်းသော်လည်း မရဘူးချည်သာ
ငြင်းဆန်ခြင်းခံရသည်။
ဖုန်းဆက်ပြီးတစ်ခါ သိတဲ့မိတ်ဆွေတွေကိုပြောသော်လည်း မရခဲ့။
စိတ်မကောင်းဖြစ်ပေမဲ့တစ်ခုတော့ သင်ခန်းစာရသွားခဲ့သည်။
ငွေမရှိရင် သူငယ်ချင်းဆိုလည်း မရှိဘူးဆိုတာပင်။
အစစ်အမှန်သူငယ်ချင်းကောင်းဆိုတာ အလွန်ကိုရှားလွန်းသည်။

ပိုက်ဆံလည်းတပြားမှမရှိ။နေစရာလည်းမရှိ။
ကျနော် ဘာဆက်လုပ်ရမလဲ။
ညဘက်တောင်ရောက်နေပြီ။ဗိုက်လည်းဆာတယ်။

တွေးပူနေတုန်း Taehyung အနား မာစီဒီး ကားအမဲရောင်လေးက ထိုးရပ်လာခဲ့သည်။

ကြည့်လိုက်မိတော့ ကားမှန်လေးကို ချလာသည်။

" Taehyung..."

" Hyung..."

လုံးဝကိုကို မထင်မှတ်ထားသည့်သူနှင့် တွေ့လိုက်ရသည်။
Hyung ကအရင်ကျောင်းတုန်းကချန်ပီယံ အားကစားသမားတစ်ဦး။

" လမ်းမကြီးမှာ ဘာလို့ငိုနေတာလဲ..."

ကားထဲမှ အမြန်ဆင်းလာသည့်သူ။
ခန့်ညားမှုက အပြည့်ပင်။

Taehyung ကိုထူကာထစေလိုက်သည်။

မျက်ရည်တွေကို သုတ်ပေးလိုက်ကာ...

" ဘာဖြစ်တာလဲ..."

" Yoongi Hyung..."

" ကျနော် နေစရာမရှိတော့ဘူး... "

Taehyung ကလေးတစ်ယောက်ပမာအားကိုးတွေ့သွားသလို Yoongi ကိုဖက်ကာငိုတော့သည်။

" တိတ်...တိတ်...မငိုနဲ့... ဘာဖြစ်မှန်းသိပေမဲ့...
အခုလိုအရမ်းမငိုပါနဲ့..."

ဒီကလေးဘာဖြစ်ထားတာလဲ။အိမ်ပေါ်ကနေဆင်းလာတဲ့ပုံစံလည်းဖြစ်နေသည်။
ဒီလိုဆိုရင်တော့ မဖြစ်တော့ဘူး။လမ်းမှာတစ်ယောက်တည်းအန္တာရာယ်များသည်။

" သူကျနော့်ကို အော်််တယ်...ယူတုန်းက ယူထားပြီးတော့..."

" လာ...Hyung နဲ့လိုက်ခဲ့...ပြီးရင် ဖြစ်တဲ့အကြောင်းတွေအကုန်ပြောပြ ဟုတ်ပြီလား..."

Sweetie,Baby,Candy(Completed) Where stories live. Discover now