Part-3

6.9K 558 19
                                    


(Unicode)

သီချင်းလေးတအေးအေးနှင့် Jungkook သူ့ရဲ့အိမ်မှတက်ကြွစွာထွက်လာခဲ့သည်။
ကားလေးမောင်းရင်း Taehyung အကြောင်းကိုတွေးနေကာ ပြုံးပြုံးကြီးပင်။
ခေါင်းလေးကိုကိုင်လိုက် ပြုံးလိုက်နှင့် ဟိုတနေ့က Taehyung နဲ့ သူ့ရဲ့ခေါင်းခေါက်ပွဲကို တွေးမိနေသည်။

လက်သံပြောင်တဲ့ကျနော့်တင်ပါးလုံးလေးနဲ့ ဒီနေ့လက်စွပ်သွားကြည့်ရမယ်။
အရင်ကဘယ်လိုအကြောင်းကြောင့်ပဲကွဲခဲ့ရပါစေ အခုတော့ ကျနော် တင်ပါးလုံးလေးကို ရအောင်လက်ထပ်မည်။
EX နဲ့ပြန်လက်ထပ်ရမယ်ဆိုတာက နည်းနည်းတော့ ကသိကအောက်ပင်။

ကားလေးရပ်သွားတော့ ခြံအတွင်းကိုတချက်ကြည့်လိုက်သည့် Jungkook...

ခြံလေးအတွင်း Taehyung ပန်းပင်တွေကို ရေလောင်းနေသည်။
ဖင်လေးလှုပ်တုပ်လှုပ်တုပ်ဖြင့် ကနေသေးသည်။

အင်္ကျီအပွကြီးကိုဝတ်ထားပေမဲ့ ဘောင်းဘီလေးကပေါင်လောက်သာ။

ခြေတံသွယ်သွယ်လေးတို့က အပြစ်ကင်းစွာ လှပနေသည်။
ခါးသွယ်သွယ်လေးတို့ကတော့ အင်္ကျီအပွကြီးကြောင့် ဖုံးနေခဲ့သည်။

Jungkook လက်ပိုက်ကာရပ်ကြည့်နေသည်ကို
Taehyung သတိမထားမိချေ။

တင်ပါးလုံးလေးရဲ့အလှကတော့ ဘယ်လိုမှဖုံးကွယ်မရ။
ကျနော်ဒီလိုအလှလေးကို ရအောင်ကိုယူပစ်မယ်။
ငြင်းရင်လည်း ရအောင်ကိုလက်ထပ်ပစ်ဖို့ စဥ်းစားပြီးသား။ဘယ်လိုနည်းပဲသုံးရ သုံးရပေါ့။

Taehyung ရေပိုက်လေးကိုင်ကာ လှည့်ကြည့်လိုက်တော့...

" ဟိုင်း ချာတိတ်..."

" စောစီးအိမ်ပေါက်ဝမှာ လာဘ်တွေပိတ်တော့မယ်..."

" လာဘ်ပိတ်အောင်လုပ်တာမဟုတ်ရပါဘူး...
လာဘ်ပွင့်အောင်လုပ်ပေးမလို့ပါ..."

Jungkook နှုတ်သာဆက်ရင်းစကားသာပြော
လိုက်သည်။
အကြည့်တွေက Taehyung ရဲ့ မက်မွန်သီးလေးစီမှာပင်။

နေပါအုံး။သူကဘယ်နေရာကို ကြည့်နေတာလဲ။
မဟုတ်မှ...

Taehyung သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့
သိသွားခဲ့သည်။

Sweetie,Baby,Candy(Completed) Where stories live. Discover now