Part-4

6.5K 547 59
                                    

(Unicode)

Taehyung စိတ်ကြိုက်လက်စွပ်ကို အဆင်ပြေတာရွေးခိုင်းလိုက်ကာ ဆိုင်အပြင်ထွက်သွားသည်။
ရယ်မောကာစကားတွေပြောနေကြသည့် Jungkook နှင့် Min Dooshi...

လက်စွပ်ကိုအဆင်ပြေမဲ့ဟာလေးသာ ယူခဲ့လိုက်သည်။
ရွေးမနေချင်တော့တာကြောင့်ပင်။

သူတောင် ကျနော့်ကို ချက်ချင်းထားသွားခဲ့သည်လေ။
Min Dooshi က သူ့အတွက်အဲ့လောက်ထိအရေးပါနေခဲ့တယ်။

မျက်ဝန်းအိမ်ထဲ ပြည့်လာသည့် မျက်ရည်တွေကို
မျက်တောင်လေးဖြင့်ပုတ်ခတ်ကာ မငိုမိအောင်ထိန်းထားရသည်။

စိတ်ထဲဝမ်းနည်းမှုတို့ဖြစ်လာခဲ့တယ်။
သူကဘာလို့ပြန်ပေါ်လာတာလဲ။

ဆိုင်အပြင်ကို ထွက်လာတော့...

" Tae... ကိုယ်ပြန်လိုက်မပို့တော့ဘူး...အဆင်ပြေတယ်မလား..."

" ပြေတယ်..."

Taehyung Jungkook ကို ဘာမှဆက်မပြောတော့ဘဲ ကျောခိုင်းကာ ထွက်လာခဲ့တော့သည်။
လက်ထဲမှ လက်စွပ်ဘူးလေးနဲ့အတူပေါ့။

Min Dooshi ရဲ့အကြည့်တွေက Taehyung ကို
ပြိုင်ဘက်တစ်ယောက်လိုသဘောထားနေခဲ့တာပင်။

တွေ့ရာ တက္ကစီလေးငှားမည်လုပ်တော့လည်း တစ်စီးမှ မရပ်ချေ။
စိတ်ထဲအခြေအနေက လုံးဝမကောင်းတာကြောင့်
အိမ်ကိုပဲ အမြန်ပြန်ချင်နေသည့် Taehyung...

လမ်းလေးပလက်ဖောင်းပေါ် ငုတ်တုတ်လေးထိုင်ချလိုက်မိသည်။
ငိုချင်စိတ်ကလည်း ခနခနဖြစ်နေသည်။

သူ့အတွက်ကျနော် ငိုခဲ့ရတာတွေများနေပြီ။
လုံးဝမငိုလိုက်နဲ့။မျက်ရည်ကျတာအရှုံးပေး
တာနဲ့အတူတူပဲ။

Taehyung အနား ကားလေးတစ်စီးထိုးရပ်လာခဲ့သည်။

ကားမှန်လေးချကာ...

" Baby..."

Jungkook Taehyung မျက်နှာမကောင်းမှန်းသိလို့ ချက်ချင်းလိုက်လာခဲ့တာပင်။

" Baby... ကားပေါ်တက်...ကိုယ်လိုက်ပို့ပေးမယ်..."

" မလိုဘူး..."

Taehyung ထိုနေရာမှထကာလမ်းသာဆက်လျှောက်နေသည်။
ဘေးတွင်လည်း Jungkook ကားလေးဖြင့်ကပ်ပါလာခဲ့သည်။

Sweetie,Baby,Candy(Completed) Where stories live. Discover now