Part-10

5.9K 456 86
                                    

(Unicode)

" Jeon..."

ချွဲနွဲ့နွဲ့အသံကြောင့် Jungkook အလန့်တကြားဖြစ်သွားကာ လှည့်ကြည့်လိုက်သည်။
သို့သော် ချက်ချင်းပင် မျက်လုံးလေးတေံက အရောင်တောက်သွားခဲ့သည်။

" Park Nami..."

" မှတ်မိသားပဲ..."

ကျောင်းတုန်းကကွင်းန်တစ်ယောက်။
သူမက အမြဲလှနေစဲ။ဒါပေမဲ့ ကိုကို့ပခုံးပေါ်က
သူမလက်တွေက မဖယ်သေး။
ဒါကို မကြိုက်တာပင်။

" ထိုင်လို့ရမလား..."

" ရပါတယ်..."

Nami Jungkook ဘေးတွင်ဝင်ထိုင်လိုက်သည်။
ပေါင်လယ်စကပ်ကိုဝတ်ထားသည့် သူမက ခြေချိတ်ကာထိုင်လိုက်တော့ ပေါင်တံသွယ်အလှတို့က အထင်းသားပင်။

လက်သီးကိုဆုပ်ထားသည့် Taehyung...
အမလေးလေး သူများယောက်ျားအနားကို အတင့်ရဲပီးကပ်ရဲသေးတယ်ပေါ့လေ။
ဒါက Kim Taehyung တို့ကို သွေးတိုးစမ်းတာပဲ။တွေ့ကြသေးတာပေါ့။

Nami Taehyung ကိုအခုမှသတိထားမိကာ...

" Taehyung Shii မတွေ့တာကြာနေပြီနော်..."

" ဟုတ်ပ့ဗျာ...မတွေ့တာကြာတော့ တွေ့ကိုမတွေ့ချင်တော့တာ..."

" ရှင်..."

Taehyung ရဲ့ဒဲ့တိုးစကားကြောင့် မျက်နှာပျက်သွားသည့် Nami...

အားနာသလိုဖြစ်နေသည်က Jungkook...

" အာ...ကျနော့် Candy လေးက စကားပြောသိပ်မတတ်လို့ပါ...Nami လည်းသိနေတာပဲ..."

" ဒါပေါ့ရှင်...သိပ်ကိုသိတာပေါ့...Kim Taehyung တို့က ကျောင်းမှာဆိုလည်း ဘုနဲ့ဘောက်သမားလေ..."

ဒီမိစ္ဆာမကတော့လေ စကားကိုပလီနေပြန်ပြီ။
ဆွဲလုပ်လိုက်ရ။

" Jeon က ပိုချောပြီးခန့်လာတာပဲ..."

" အာ...ကျေးဇူးပါခင်ဗျာ..."

" ဒါနဲ့ဒီကို အလည်သက်သက်လာတာလား..."

" အဲ့လိုသဘောမဟုတ်ပါဘူး...ကျနော်နဲ့ Candy လေးရဲ့ ဟန်နီးမွန်းပါ..."

" ဟုတ်သား...လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်..."

Jungkook ကိုလက်လေးလှမ်းပေးသည့် Nami က လက်ဆွဲပြီးဂုဏ်ပြုချင်သည့်သဘော။

Sweetie,Baby,Candy(Completed) Where stories live. Discover now