Part-11

5K 360 50
                                    

(Unicode)

အိမ်ထောင်တစ်ခုကျသွားခဲ့ပေမဲ့။ကလေးဆန်နေသည်က Taehyung ပင်။
အိမ်အလုပ်ဆိုလည်း သိပ်မလုပ်တတ်။
အကုန် Jungkook သာလုပ်ရလေသည်။

ကုမ္ပဏီ မသွားခင်ဆို အကုန်ချက်ပြုတ်ပေးခဲ့ရသည်။
ပြန်လာရင်လည်း Baby လေးဂျီကျတာကို ခံရပြန်လေသည်။
ဒါကို လုံးဝမငြိုငြင်ခဲ့။တင်ပါးလုံးလေးကိုသာအချစ်တွေပိုနေခဲ့တာပင်။

ကိုကိုက ကျနော့်ကိုအရမ်းချစ်တာ။
တခါတလေ အားနာမိတယ်။ကျနော်က ဘာမှ ကူဖော်လောင်ဖက်မရဘူးလေ။
ကိုကိုသာ အကုန်လိုက်လုပ်ပေးနေခဲ့သည်။

ဒါပေမဲ့ အိပ်ယာထဲဆိုရင်တော့ ဟီး..ဟီး.. တစ်မျိုးပေါ့။

ဒါကြောင့် ဒီနေ့ နေ့လည်စာကို ကျနော် ကိုယ်တိုင်ပြင်ဆင်ကာ ကုမ္ပဏီကို ရောက်လာခဲ့ခြင်း။

တီရှပ်အဖြူရောင်နှင့်အတူ အပေါ်မှ ထပ်ဝတ်ထားသည့် Gucci ဆွယ်တာအညိုရောင်လေး။
စတိုင်ပန်အနက်ကို တွဲဖက်ညီစွာဝတ်ဆင်ထားသေးသည်။နေကာမျက်မှန်မှာလည်း Gucci တံဆိပ်ပင်။ရှူးဖိနပ်ကလည်း Gucci...

Taehyung လက်ထဲက ထမင်းဘူးလေးကိုတောင် Gucci အိတ်နှင့်ထည့်လာတာပင်။
တစ်ကိုယ်လုံး Gucci နှင့်ကင်းတာကို မရှိ။

ကြာရင်Gucci ရဲ့ပင်တိုင်မော်ဒယ်ဖြစ်တော့မည်။
Gucci ရဲ့Fan Boy လေးပင်။

ကုမ္ပဏီ ထဲမြောက်ကြွမြောက်ကြွဖြင့်ဝင်သွားသည်။

Taehyung ကိုမြင်တာနှင့် ကုမ္ပဏီထဲမှ ဝန်ထမ်းတွေက တရိုတသေ အလေးပြုကျသည်။

ဒါပဲလေ။ Jeon Jungkook ရဲ့အမျိုးသားပဲ။
ဒီလောက်တော့ ရှိရမယ်လေ။
ဟွန့်...နောက်ဆိုဒီထက်ပိုရိုသေရမှာ။

လေထဲ မြောက်သွားသည့် Taehyung...

CEO Jeon Jungkook ဆိုသည့်စာတန်းလေးထိုးထားသည့် တံခါးလေးကို တွန်းဖွင့်လိုက်သည်။

" ကိုကို..."

မျက်စိရှေ့က မြင်ကွင်းကြောင့် ထမင်းဘူးလေးပင် လွတ်ကြမလိုဖြစ်သွားခဲ့ရသည်။
ကိုကို ကအမျိုးသမီးတစ်ဦးနှင့် စကားတွေပြောနေသည်။ရယ်မောရင်းပင်။
ကျနော့်ကို မြင်တာနဲ ချက်ချင်းခပ်တည်တည်ဖြစ်သွားခဲ့သည်။

Sweetie,Baby,Candy(Completed) Where stories live. Discover now