အပိုင်း ( ၂ )

2.2K 92 6
                                    

" အဟမ်း အခုတလော.... "

" ရှင် ဘာတွေ..... သြော် "

စျေးဝယ်စင်တာကြီးရဲ့ထောင့်က ကိတ်ဆိုင်လေးမှာရှိတဲ့ Public စားပွဲဝိုင်းလေးမှာ နှစ်ယောက်သားထိုင်ရင်းနှုတ်ဆိတ်နေခဲ့ကြပြီးမှ
စကားစပြောတော့လဲ ပြိုင်တူမို့ ခါး ပြုံးလိုက်မိပြီး သူ့ကိုမေးဆတ်ပြကာ....

" ရှင် အရင်ပြောပါ ရင့်..... "

" ရင့်? "

သူ့နှုတ်ခမ်းထူထူတွေက အံ့​သြ​​သလို
သံယောင်လိုက်ရေရွတ်လိုက်မှပဲ ခါး ခေါင်းနပန်းကြီးသွားရတော့သည်။

ရင့်ဆိုတဲ့ ထိုနာမ်စားက သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေသာ သုံးတတ်ကြတဲ့အခေါ်အဝေါ်ဖြစ်ပြီး ခါး နဲ့ သူက ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြဘူးလေ။

" ရှင့် နာမည်ကရှည်လွန်းတယ်လေ ခါး အကုန်မခေါ်နိုင်လို့ အဲ့လိုခေါ်တာမကြိုက်လို့လား "

တုန်ရင်နေတဲ့ ရင်အစုံကို မျက်ကွယ်ပြုကာ ဟန်ဆောင်ပြုံးလေးကိုလှပစွာပြုံးရင်း ခါး သူ့ကိုစကားဆိုလိုက်တော့သူက အလျင်အမြန်ပဲလက်ကာပြလိုက်ပြီး...

" မဟုတ်ပါဘူး အဆင်ပြေသလိုခေါ် ပါ "

သူနဲ့ခါးကြားမှာ တစ်ခါပြန်လည်တိတ်ဆိတ်သွားခဲ့ရပြန်သည်။ ခပ်လှမ်းလှမ်းဆိုင်က အနီရောင်ချည်သားဂါဝန်အကွက်လေးကိုလှမ်းမြင်မိတော့ ခါး မျက်လုံးလေးတွေ အရောင်လက်သွားရသည်။

မြန်မာပြည်တွင်းချည်ထည်ဖြစ်ပေမယ့် အတော်ကိုသေသပ်လှပတဲ့ ဒီဇိုင်းက ခါး ကို ဆွဲဆောင်သွားတာမို့ ဆိုင်နာမည်ကို အသေအချာမှတ်ကာ ညဘက်မှ Online ပေါ်ကနေ ဝင်လေ့လာကြည့်ဖို့တွေးထားလိုက်သည်။

" ဟို... "

" ဟင် ပြောလေ.... "

" ကိတ်စားလေ.... "

စားပွဲအလည်က စတော်ဘယ်ရီကိတ်သေးသေးလေးကို ခါးဘက်အသာတွန်းပေးရင်း ပြောလာတော့ ခက်ရင်းသေးသေးလေးကို
ကောက်ယူကာ ကိတ်တစ်ဇွန်းခပ်စားလိုက်သည်။

နူးညံ့ချိုမြတဲ့အရသာက လျှာဖျားကတစ်
ဆင့်စိမ့်ဝင်သွားတော့ ခါးတစ်ကိုယ်လုံးခွန်အားတွေပြည့်သွားသလို....

တိတ်တခိုး ( Ongoing )Tempat cerita menjadi hidup. Temukan sekarang