အပိုင်း ( ၅ )

1.6K 74 6
                                    

ဒေါက် ဒေါက် ဒေါက် !!

မနက်စောစော မကြားစဖူးတံခါးခေါက်သံကြောင့် ခါး အလန့်တကြားနိုးသွားရပြီးမှ ညက အထည်ပုံကြမ်းတွေဆွဲရင်း စားပွဲပေါ်မှောက်အိပ်ပျော်သွားမိတာကို သတိထားမိသည်။

အနည်းငယ် နာကျင်နေသော ပခုံးကိုလက်နဲ့ဆုပ်နယ်ကာ ခြေထောက်လေးထော့နဲ့ထော့နဲ့နဲ့ တံခါးရှိရာလျှောက်သွားလိုက်တော့သည်။

ကျွီ!

" ဟင်.... ရင့်..... "

" ကိုယ်နှိုးလိုက်လို့နိုးသွားတာလား Sorry ကိုယ်က မနေ့ကလိုဗိုက်ဆာနေမှာစိုးလို့ မနက်စာလာပို့တာပါ... ဝင်မယ်နော်... "

လက်ထဲကမုန့်ထုပ်တွေကိုမြှောက်ပြရင်း အပြုံးနဲ့ဆိုကာ သူကအရင်ခွင့်တောင်းပြီး ခါး
အဖြေပြန်မပေးနိုင်သေးခင် ခါးကိုယ်လေးကို
ကျော်လွန်ကာ အိမ်ထဲဝင်ချသွားတာများ သူ့အိမ်သူ့ယာလို....

နီညိုရောင်ရင့်ရင့် စတိုင်ဘောင်းဘီရှည်နဲ့ ရင်
ဘတ်နားမှာ ကြက်သွေးရောင်အစင်းကြီးတွေပါတဲ့ နံ့သာရောင်စပို့ရှပ်လက်တိုကို ရိုးရှင်းစွာ
တွဲဖက်ဝတ်ဆင်ထားပေမယ့် ခါး ရဲ့ အိပ်ချင်မပျယ်နိုင်ဖြစ်နေတဲ့ မျက်လုံးတွေကို ပြူးကျယ်သွားလောက်အောင်အထိ ထင်ရှားစွာ
ချောမောခန့်ငြားနေခဲ့သည်လေ။

" မင်း ညကအလုပ်တွေများနေတာလား... "

" အင်း.... "

ခါး ဆိုဖာခုံမှာငြိမ်ငြိမ်လေးဝင်ထိုင်ပြီး မီးဖိုဆောင်ထဲမှာ သူဝယ်လာတဲ့မနက်စာတွေကို
ပန်းကန်အလွတ်တွေထဲ လောင်းထည့်ကာ
ပြင်ဆင်နေတဲ့ သူ့ ကို စိုက်ကြည့်နေလိုက်မိသည်။

အခုအချိန်အထိ ခါး ကတော့ အိမ်မက်လား တကယ်လား ဝေခွဲလို့မရနိုင်သေး....

သူက ခါးကို ဘာဖြစ်လို့ ဂရုစိုက်ပေးနေတာလဲ.....

သူက ဆရာဝန်ဖြစ်ပြီး ခါးက လူနာဖြစ်နေလို့လား.....

သူက ယောကျာ်းလေးဖြစ်ပြီး ခါးက မိန်းကလေးဖြစ်နေလို့လား......

သူက အိမ်ငှားဖြစ်နေပြီး ခါးက သူ့အိမ်ရှင်ဖြစ်နေလို့လား......

တိတ်တခိုး ( Ongoing )Onde histórias criam vida. Descubra agora