>>>>> မဟုတ်ပါဘူးမေမေရယ် ... ဒါတွေအားလုံးဟာ ကောလဟာလပါ မေမေ ခါးကို မယုံဘူးလား .....ခါး က ဖုန်းပြောနေရင်း သူ့ကိုတံခါးလာဖွင့်ပေးကာ သူမလက်ထဲကဖုန်းလေးကို မြှောက်ပြလိုက်ပြီး ဆိုဖာဘက်ပြန်လျှောက်သွားတာမို့ သူလဲ မနက်စာ၀ယ်လာတဲ့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားကို ပန်းကန်တွေထဲ သေချာထည့်ကာပြင်ဆင်လိုက်သည်။
>>>>> မေမေ နဲ့ ဖေဖေ စိတ်ပူတာကို သိပေမယ့် အခုက ခါးမှားတာမဟုတ်ဘူးလေ .... မေမေတို့ သိချင်တဲ့ကိစ္စရှိရင် ခါးကိုမေးလို့ရနေတဲ့ဟာ ဘာလို့များ အတွေးတွေလွန်နေရတာလဲ ......
သူမ စိတ်ရှုပ်ထွေးဟန်ဖြင့် ဧည့်ခန်းထဲမှာ ဘယ်ညာလျှောက်ရင်း နဖူးပေါ်ကဆံပင်တွေကို လက်ချောင်းတွေထိုးထည့်ကာ သပ်တင်ပစ်လိုက်တာကို ကြယ်ရောင် စားပွဲထောင့်ကနေမတ်တပ်ရပ်ကာ လက်နှစ်ဖက်ပိုက်ပြီး ကြည့်နေမိသည်။
အိမ်နေရင်းမို့ ကျောပေါ်ဖြန့်ချထားတဲ့ ဆံပင်
ရှည်စင်းစင်းတွေက သူမ တစ်ဖက်လှည့်လိုက်တိုင်း မသိမသာလေးခပ်ဝဲဝဲယမ်းခါသွားတတ်သလို စိတ်လှုပ်ရှားတဲ့အခါ နှုတ်ခမ်းနှစ်ခုကိုစေ့ကာ မျက်မှောင်ကျုံ့လိုက်တဲ့အခါ ပါးပြင်ပေါ်က ခပ်ရေးရေးအချိုင့်သေးသေးလေးက ပေါ်လာတတ်သေးသည်။အပြင်ထွက်တဲ့အခါ လှလှပပကျော့ကျော့ရှင်းရှင်း ပြင်ဆင်၀တ်စားတတ်တဲ့သူမဟာ အိမ်မှာနေရင်တော့ စိုအိအိလေးနဲ့ပြောင်တင်းတင်းမျက်နှာလေးမှာ ခြယ်သပြင်ဆင်မှုမရှိသလို သူမရဲ့ရှိရင်းစွဲ ခန္ဓာကိုယ်ထက် ၂ ဆ ၃ ဆ ကြီးမားသော အင်္ကျီထူထူပွပွတွေ ဘောင်းဘီရှည်ပွပွတွေကိုသာ ၀တ်ဆင်လေ့ရှိတာကြောင့် ကလေးတစ်ယောက်နဲ့ပင်တူလှသည်။
>>>>> အခုက သက်သာရဲ့လား ..... မေမေတို့က အဲ့ဒါပဲ နေဖြင့်မကောင်းပဲနဲ့ ခါးဆီကို ဘာလာလုပ်ကြမှာလဲ ...... ဟာ ခါးက ဘာမဟုတ်တာလုပ်ထားရမှာလဲ မေမေကလဲ မေမေတို့ တကူးတကလာပြီး ပင်ပန်းရမှာစိတ်ပူလို့ပါ ခါးဆီ မလာစေချင်လို့မှမဟုတ်တာ .....
>>>>> ဟင်း ..... ခက်တာပဲ မေမေရယ် ဒါဆိုရင်လဲ ခါး ဒီမှာအလုပ်လေးတွေဖြတ်ပြီး ပြန်လာခဲ့မယ် မေမေ ကောင်းကောင်းအနားယူထားဦး နောက်ဆိုရင် Online ပေါ်က အခြေအမြစ်မရှိတဲ့ သတင်းတွေကိုမယုံခင် ခါး ကို အရင်မေးပါဦး မေမေရယ် ....
YOU ARE READING
တိတ်တခိုး ( Ongoing )
Romanceတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...